Friday, July 24, 2020

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို မသင့်တော်ဘူးလို့ယူဆရင် အထောက်အထားနဲ့ကန့်ကွက်နိုင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ မနေ့က ထုတ်ပြန်လိုက်တဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်းခံထားရတဲ့ ပုဂ္ဂိုလ်များစာရင်းမှာ ပါတီရဲ့မှုဝါဒနဲ့မကိုက်ညီတဲ့ ဒေသခံတွေ လက်မခံနိုင်တဲ့သူတွေပါရင် အထောက်အထားနဲ့ အချိန်မှီ တင်ပြတိုင်ကြားနိုင်တယ်လို့ NLD ဗဟိုအောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။
NLD ဗဟိုအောင်နိုင်ရေး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ပြောပြတာက”အချိန်မီတင်ပြလာမယ် ၊တင် ပြမယ့်အထောက်အထားတွေက ခိုင်လုံတယ်ဆိုရင်တော့ အပြောင်းအလဲလုပ်ဖို့ စဉ်းစားမှာပေါ့ ။ ရက်နဲ့တော့ပြောလို့မရဘူး၊ ထောက်ခံစာတွေပို့ပြီးပြီ၊ အမြန်ဆုံးတော့ ကန့်ကွက်ဖို့ိုလိုတာပေါ့၊ မြို့မိမြို့ဖကရွေးချယ်ခဲ့ပြီး တိုင်းကရွေးခွင့်မရှိဘူးဆိုတာ မဟုတ်ဘူးလေ၊ တိုင်းနဲ့ပြည်နယ်ကို မစဉ်းစားလို့မရဘူး၊ ကျွန်တော်တို့က အကုန်လုံးကို ချုံုပြီးစဉ်းစားရပါတယ်။ အောင်နိုင်ရေးအတွက် အသင့်တော်ဆုံးကို ရွေးရတာပါ။ မပါတဲ့လူနဲ့ပတ်သက်လို့ကတော့ ကိုယ်ကိုယ်တိုင်ရဲ့ခံစားချက်ရော ပတ်ဝန်းကျင်ရဲ့လှုံ့ဆော်ချက်အရရော ဖြစ်မှာပဲခင်ဗျ၊ အဓိကကတော့ ကိုယ်ပါဖို့၊မပါဖို့ထက် ပါတီအောင်နိုင်ရေးက ပိုအရေးကြီးပါတယ်၊ အောင်နိုင်ရေးအတွက် အားစိုက်လုပ်နေတဲ့သူဆိုရင် နောင်တချိန် ကြားဖြတ်ရွေးကောက်ပွဲတွေ ရွေးကောက်ပွဲနဲ့မဆိုင်တဲ့ တခြားတာ ဝန်ပေးစရာတွေကို ဦးစားပေးစဉ်းစားသွားမှာ”လို့ ပြောပါတယ်။
အခုလို NLDရွေးကောက်ခံကိုယ်စားလှယ်တွေရွေးချယ်ရေးကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း၊ကျောက်ဆည်မြို့ဒေသခံတစ်ဦးပြောတာက”ကျောက်ဆည်မြို့မှာရွေးတဲ့ ၄ယောက်ထဲမှာ မြို့မိမြို့ဖရွေးတဲ့လူဟာ တစ်ယောက်ထဲပဲပါတဲ့အတွက် မကျေမနပ်ဖြစ်နေကြပါတယ်။ ကျွန်တော်တို့မကျေနပ်ချက်တွေကို တိုင်းနဲ့ဗဟိုကိုတင်ရင်လည်း ထူးမှာမဟုတ်ပါဘူးဗျာ၊ တိုင်းဥက္ကဌကလည်း ဗဟိုကော်မတီဝင်ဆိုတော့ တိုင်လည်းမထူးပါဘူး၊ ၂၀၁၅တုန်းကလည်း ဒီလိုကွန်ပလိန်းလုပ်ပါတယ်၊ ထူးခြားမလာပါဘူး၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့သြဇာက သိပ်ကြီးတယ်၊ NLDကိုပဲ မဲပေးကြမှာပါ။”လို့ ပြောပါတယ်။
မဟာအောင်မြေမြို့နယ်ဒေသခံတစ်ဦးကလည်း “တိုင်လို့ရတယ်ဆိုတာက ခင်ဗျားမေးမှပဲ သိတော့တယ်၊ ဒါပေမယ့် တိုင်းကနေ ဗဟိုကိုတိုင်ရမယ်ဆိုတော့ ကုလားကြီးနဲ့ အရာကြီး ဘာထူးမှာလဲ၊ ခုရွေးချယ်လိုက်တဲ့စနစ်ကတော့ ကိုယ့်ဒေသခံမဟုတ်တဲ့လူတစ်ယောက်ကို ရွှေးလိုက်တာကတော့ တော်တော်စိတ်ပျက်စရာကောင်းပါတယ်”လို့ ပြောပါတယ်။
NLDပါတီရဲ့ဗဟိုကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်စားလှယ်ရွေးချယ်ရာမှာ သစ္စာရှိမှုနဲ့ အတွေ့အကြုံရှိမှုကို အဓိကထားပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်ရဲ့သမိုင်းအရ ၊ အဖွဲ့ချုပ်ရဲ့အတွေ့အကြုံအရ အရေးကြီးတယ်ဆိုတာကို သေသေချာချာသိရလို့ပါလို့လည်း ပြောဆိုထားတာဖြစ်ပါတယ်။
၂၀၁၅ရွေးကောက်ပွဲတုန်းကလည်း အခုလိုကိုယ်စားလှယ်လောင်းရွေးချယ်တာနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေကို တခြားမြို့နယ်တွေကနေ ပါတီဝင်တွေက ဗဟိုအဆင့်ကို သွားရောက်တိုင်ကြားခဲ့ပါတယ်။ဒါပေမယ့် ဗဟိုကဖြေရှင်းမပေးတာကြောင့် ဆန္ဒပြပွဲတွေဖြစ်ပေါ်ရာမှာတော့ ဆန္ဒပြတဲ့သူတွေကို ပါတီကထုတ်ပယ်ခံရတဲ့ ဥပမာတွေရှိခဲ့ဖူးပါတယ်။
Ref ; Voice of Myanmar

0 comments:

Post a Comment