Saturday, July 25, 2020

တောင်ကိုရီးယားနိုင်ငံတွင် ရေဘေးကြောင့် ငါးဦး သေဆုံး၊ လေးဦး ဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံ၌ လေပြင်းတိုက်ခတ်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ် ပွားခဲ့ရာ လူငါးဦးထက်မနည်း သေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။
ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ အထိ တောင်ကိုရီးယားနိုင်ငံ ဂျောင်ဂီပြည်နယ်တွင်တစ်ဦး၊ အရှေ့ တောင်ပိုင်း အူလ်ဆန်မြို့တွင်တစ်ဦးနှင့် အနီးအနားရှိ ဘူဆန်မြို့တွင် သုံးဦး သေဆုံးခဲ့ကြောင်း ဗဟိုသဘာဝဘေး နှင့် ဘေးအန္တရာယ် တန်ပြန်ရေးဌာနချုပ်က ပြောကြားခဲ့သည်။
ရေကြီးရေလျှံမှုများကြောင့် လူ ၂၀၀ ကျော် အိုး အိမ်စွန့်ခွာခဲ့ရပြီး အများစုမှာ အရှေ့တောင်ပိုင်းရှိ ယောင် ဒွက်နှင့် ဘူဆန်မြို့မှဖြစ်ကြောင်း၊ နေအိမ်နှင့် အဆောက်အအုံ ၃၀၀ နီးပါး ရေနစ်မြှုပ်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတစ်ဝန်း မုတ်သုံမိုး ဆက်လက်ရွာသွန်းမည်ဟု မျှော်မှန်းရသည်။ ဇူလိုင်လ ၂၆ ရက်အထိ ဂန်ဝမ်ပြည်နယ်၌ မိုးရေချိန် ၄၀၀ မီလီမီတာ ရွာသွန်းနိုင်မှုကြောင့် သတိပေးချက်တစ်ရပ် ထုတ်ပြန် ထားသည်။
အရှေ့ပိုင်းကမ်းရိုးတန်းတစ်လျောက် မိုးရေချိန် ၁၅၀ မီလီမီတာကျော်၊ ဆိုးလ်မြို့တော်နှင့် တောင်ကိုရီးယားနိုင်ငံတစ်ဝန်း အခြားဒေသများတွင် မိုးရေချိန် မီလီမီတာ ၂၀ မှ ၆၀ အထိ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထား သည်။
Ref ; EPN

0 comments:

Post a Comment