Monday, July 6, 2020

ယခုနှစ်မှာကျောင်းစစ်စာမေးပွဲတွေကိုအဆင်ပြေသလိုစစ်ဆေးနိုင်ဟု အခြေခံပညာဦးစီးဌာနညွန်ကြား

ယခုစာသင်နှစ်မှာ ကိုဗစ်ကြောင့် ကျောင်းတက်ချိန်တွေ နောက်ကျသွားတဲ့အတွက် ကျောင်းစစ်စာမေးပွဲ(၄)ကြိမ်ကို သတ်မှတ်လတွေအတိုင်း စစ်ဆေးနိုင်တော့မဟုတ်ဘူးလို့ အခြေခံ ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်။
ယခင်ကျောင်းဖွင့်ကာလဆိုရင် ကျောင်းတွင်းစစ်စာမေးပွဲ ၄ ကြိမ်ကို ဇူလိုင်လ၊ စက်တင်ဘာလ၊ ဒီဇင်ဘာလ၊ ဖေဖော်ဝါရီလနဲ့ မတ်လ အတွင်းတို့မှာ စစ်ဆေးနေတာဖြစ်ပြီး ဒီနှစ်မှာတော့ သက်ဆိုင်ရာ ကျောင်းအလိုက် စာမေးပွဲ ၄ကြိမ်ကို အဆင်ပြေသလိုပြည့်မီအောင် စစ်ဆေးမေးမြန်းခွင့် ပြုထားတယ်လို့ ဒုညွှန်ချုပ်ဒေါက် တာတင်မောင်ဝင်းကကဆိုပါတယ်။
“ဒီနှစ်မှာ ကျောင်းခေါ်ချိန်က ၅၀လောက်ပဲ ရှိနိုင်တော့တယ်။ ကျောင်းတွေကလည်း ဖွင့်ချိန် နောက်ကျတဲ့အတွက် အရင်လို့ ကျောင်းစစ်စာမေးပွဲ ၄ ကြိမ်ကို သတ်မှတ်လတွေအတိုင်း လုပ်နိုင်ဖို့ ခက်သွားပြီ။ဒါကြောင့် သက်ဆိုင်ရာ ကျောင်းအလိုက် အဆင်ပြေသလို စစ်မေးနိုင်ဖို့ ခွင့်ပြုထားတယ်။အနည်းဆုံးတော့ ၄ကြိမ်ကတော့ စစ်ရမယ်။”လို့ ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
သက်ဆိုင်ရာ ကျောင်းအလိုက်ဆိုပေမယ့် မြို့နယ်အလိုက် ကျောင်းတွေ အားလုံး ညှိနှိုင်းပြီး မိမိတို့ရဲ့မြို့နယ်အလိုက် တပြိုင်နက်တည်း စစ်ဆေးမေးမြန်းချင်တယ်ဆိုပါကလည်း အဆင်ပြေကြောင်း ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
COVID-19 ကြောင့် Social Distancing (ခပ်ခွာခွာနေထိုင်ခြင်း) ကိုလိုက်နာနိုင်အောင် ကျောင်းတက်ချိန်တွေကို ပုံစ လေးမျိုးခွဲခြားသတ်မှတ်ထားပြီး ပုံမှန်အချိန်အတိုင်းအပြည့်အဝတက်နိုင်တဲ့ကျောင်း၊ တစ်ပတ်ခြားစီ တက်နိုင်တဲ့ကျောင်း၊ နှစ်သုတ်ခွဲတက်နိုင်တဲ့ကျောင်း၊ သုံးရက်တက် နှစ်ရက်နား ဆိုပြီးခွဲခြားထားတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ကျောင်းတက်ရက်နာက်ကျသွားတဲ့အပြင် ကျောင်းတက်ချိန်တွေလည်နည်းပါးသွားတဲ့အတွက် သင်ရိုးတွေကို ကျောင်းမှာ ၅၀ ရာခိုင်နှုန်း၊ အိမ်မှာ ၅၀ ရာခိုင်နှုန်းစီနဲ့ လေ့လာသင်ကြားရမယ်လို့လည်း အ ခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။
အိမ်မှာသင်ကြားရမယ့် ၅၀ ရာခိုင်နှုန်းအတွက် ကျောင်းသားနဲ့ မိဘနဲ့ အတူလေ့လာရမယ့် သင်ရိုးညွှန်းတမ်းတွေကို ထုတ်ပြန်ပေးသွားမယ်လို့လည်း ဒုညွှန်ချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။
လာမယ့် ဇူလိုင်လ ၂၁ရက်နေ့မှာတော့ အထက်တန်းကျောင်းပေါင်း ၆၀၀၀ ကျော်ဖွင့်လှစ်မှာဖြစ်ပြီး နဝမတန်းနဲ့ ဒဿမတန်းတွေကို စတင်ကျောင်းတက်ခွင့်ပြုမှာဖြစ်ပါတယ်။
အဆိုပါအထက်တန်းတွေဖွင့်လှစ်ပြီး နှစ်ပတ်အကြာ သြဂုတ်လဆန်းပိုင်းမှာတော့ အလယ် တန်းနဲ့ မူလတန်းတွေကို အဆင့်ဆင့်ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
Ref ; Duwun

0 comments:

Post a Comment