Wednesday, July 22, 2020

အမေရိကန်ရေတပ်နှင့် ဂျပန်ရေတပ်တို့ ပူးပေါင်းစစ်ရေးလေ့ကျင့်

အမေရိကန်ရေတပ်၏ USS Ronald Reagan (CVN-76) ဦးဆောင်သည့် လေယာဉ်တင်သင်္ဘောစစ်ရေယာဉ်စုသည် ဂျပန်ရေတပ်မှ စစ်ရေယာဉ်ဖြင့်ပူးပေါင်း ကာ ဖိလစ်ပိုင်ပင်လယ်ပြင်အတွင်း စစ်ရေးလေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းဌာနများ၏ ၂၁-၇-၂၀၂၀ ရက်နေ့ထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အဆိုပါလေ့ကျင့်ခန်းပြုလုပ်ဆောင်ရွက်ခြင်းသည် အမေရိကန်ရေတပ်နှင့် ဂျပန် ရေတပ်တို့အကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် လုံခြုံရေးဆိုင်ရာ သဘောတူ စာချုပ်၏ နှစ်(၆၀) ပြည့်အထိမ်းအမှတ်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါ သည်။
အမေရိကန်ရေတပ်နှင့် ဂျပန်ရေတပ်တို့သည် လွတ်လပ်ပြီးပွင့်လင်းသော အင်ဒို- ပစိဖိတ်ဒေသဆိုင်ရာအမြင်ဖြင့် စစ်ရေးလေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိ သလို အနာဂတ်တွင်ဖြစ်ပေါ်လာနိုင်မည့် ဒေသတွင်းလုံခြုံရေးကိစ္စရပ်များအား ကြိုတင် မျှော်တွေးကာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် နိုင်ငံတကာစံနှုန်းများဖြင့် လုပ်ဆောင်ခြင်းဖြစ်ပါသည်။
၎င်းလေ့ကျင့်ခန်းတွင် အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘောစစ်ရေယာဉ်စုတွင် လေယာဉ်တင်သင်္ဘော USS Ronald Reagan (CVN-76) ၊ အမှတ်(၅)လေယာဉ်တင်သင်္ဘောအခြေပြု ရေကြောင်းဆိုင်ရာ လေတပ်ဖွဲ့ Carrier Air Wing – CVW 5 ၊ ပဲ့ထိန်းဒုံးပျံတင်ခရူဇာစစ်ရေယာဉ် USS Antietam (CG-54) နှင့် ဖျက်သင်္ဘောစစ်ရေယာဉ် USS Mustin (DDG-89) တို့ပါဝင် ကြောင်းသိရှိရပါသည်။ ထို့ပြင် ဂျပန်ရေတပ်မှလည်း Akizuka အတန်းအစား ဖျက်သင်္ဘော JS Teruzuki (DD-116) မှ ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
>>Zawgyi<<

0 comments:

Post a Comment