Thursday, July 23, 2020

အမရပူရမြို့နယ် ရွှေဂဲ ရေထိန်းတံခါးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြာင့် ပျက်ဆီးခဲ့သော စိုက်ခင်းဧက တစ်ရာကျော်အတွက် တိုင်းအစိုးရညွှန်ကြားပါက လျော်ကြေးပေးမည်ဖြစ်

မန္တလေးမြို့ အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါးတာရိုးကျိုးပေါက်ကာ မြစ်ရေဝင်ရောက်မှုကြောင့် စိုက်ခင်းဧက တစ်ရာကျော် ပျက်စီးခဲ့ပြီး တိုင်းအစိုးရမှ ညွှန်ကြားပါက လျော်ကြေးငွေပေးသွားမည်ဖြစ်ကြောင်းမန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ရွှေဂဲရေထိန်းတံခါးတာရိုး ကျိုးပေါက်မှုသည် ဇူလိုင် (၁၉)ရက် ညနေပိုင်းမှ စတင်ကာဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်၂၀ ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်တွင် ပိတ်ဆို့ ထိန်းချုပ်နိုင်ခဲ့သည် ။
" သီးနှံစိုကခြငြး တစရြာကွောြ ရနှစေမြှုပပြကွစြီးခဲ့တယြ ၊ ဟငြးသီးဟငြးရှကစြိုကခြငြး‌‌တှပေါ ၊ တိုငြးအစိုးရက ဘာမှညှှနကြှားတာမရှိသေးတော့ ဘာမှမလုပရြသေးဘူး ၊ ညှှနကြှားရငတြော့ ခကွခြငြွးလွေွာကြှေးငှပေေးသှားမှာပါ " ဟုမနျတလေးတိုငြးဒသကှေီးစိုကပြွိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးတိုးမငြးကပှောသညြ ။
တာရိုးကျိုးပေါက်မှုကြောင့် အမရပူရမြို့နယ်အတွင်ရှိရပ်ကွက် ၇ ရပ်ကွက်မှ အိမ်ထောင်စုပေါင်း ၃၃၀၀ ကျော်၊ လူဦးရေ ၁၃၀၀၀ ကျော်ရေဘေးသင့်ခဲ့ပြီး ကယ်ဆယ်ရေးစခန်း ၂၂ ခုဖွင့်လှစ်ထားကြောင်းသိရသည်။
" ပျက်စီးသွားတာတော့ မြေပဲတို့ သခွားတို့ ပျက်စီးသွားတာပေါ့ ၊ အရင်းအနှီးကတော့ ဆယ်သိန်းနီးပါးလောက်ရှိတယ် " ဟု ရွှေဂဲ ကျေးရွာမှ ဦးထွန်းလှိုင်ကပြောသည် ။
လက်ရှိအချိန်တွင်ရေဝင်သည့် ရပ်ကွက်များမှ ရေများအမြန်ဆုံး လျော့နည်းသွားစေရန်အတွက် ရေစုတ်စက်ကြီးများဖြင့်ရေစုတ်ထုတ်နေကာ ကျိုးပေါက်သွားသည့်နေရာကိုလည်းကျောက်များ ထပ်မံပိတ်ဆို့နေသည် ။
Crd : The FifthWave

0 comments:

Post a Comment