Sunday, July 19, 2020

မန္တလေးစျေးချိုတွင် ရှစ်နှစ်အရွယ် ပလောင်တိုင်းရင်းသူ သီလရှင်တစ်ပါး ပျောက်ဆုံးနေ


စစ်ကိုင်းတောင်ရိုးမှ ဆွမ်းဆန်စိမ်းထွက်လာသော ပလောင်တိုင်းရင်းသူ ရှစ်နှစ်အရွယ် သီလရှင်တစ်ပါအား ဇူလိုင်လ ၁၇ရက်က မန္တလေးမြို့၊ စျေးချိုတွင် အမျိုးသမီးကြီးတစ်ဦးက အတင်းဆွဲသွားရာမှ ပျောက်ဆုံးလျှက်ရှိနေကြောင်း စစ်ကိုင်းတောင်းရိုးကွတ်ခိုင်ချောင် အောင်မြင့်မိုရ်သီလရှင်ကျောင်းတိုက်မှ စာသင်၊စာချသီလရှင်ဒေါ်မေဇာဏီက ပြောကြားခဲ့ကြောင်း သိရသည်။
''သူတို့ နှစ်ပါး၊ သုံးပါက လက်ချင်းချိတ်သွားနေတဲ့ အချိန်မှာ အဲ့အမျိုးသမီးကြီး ကလေးတွေကြားထဲ အတင်း ဝင်ပြီးလက်ကိုဆွဲခေါ်သွားတာ။ အဲဒါမျိုးအတင်းခေါ်သွားတာဆိုတော့စိုးရိမ်မိတယ်။ အဲ့ဆရာလေးက ရောက်တာလည်း မကြာသေးဘူး။ မြန်မာစကားလည်း သိပ်မပြောတတ်ဘူး။ မန္တလေးစျေးချိုကိုလည်း အခုမှ ရောက်ဖူးတာ ဖြစ်ပါတယ်''ဟု ယင်းကပြောသည်။
ထိုနေ့တွင် အောင်မြင့်မိုရ် သီလရှင်ကျောင်းတိုက်မှဆရာလေးများ ဆွမ်းဆန်စိမ်းထွက်ကြရာ၌ သီလရှင် အပါး ၃၀ကျော်အထိပါသွားခဲ့သော်လည်း စျေးချိုနားတွင် သီလရှင်ဆရာလေးများ အုပ်စုကွဲနေချိန် အဆို ပါဖြစ်ရပ် ဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးဆရာလေးနှင့်အတူ အသက် ၁၂ အရွယ် ဆရာလေးနှစ်ပါး လည်း အတူရှိနေခဲ့ကြကြောင်း၊ ယင်းဆရာလေးနှစ်ပါးမှာလည်း စျေးချိုကို မရောက်ဖူးကြသည့်အပြင် လူများလည်း ရှုပ်နေသောကြောင့် အတင်းဆွဲခေါ်သွားသောအမျိုးသမီးကြီးနောက် လိုက်ခဲ့ရာ မျက်ခြေပြတ်သွားပြီး ဆက်ရှာ၍ မရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးဆရာလေးအား ဆွမ်းဆန်စိမ်းထွက်လာကြသော သီလရှင်များမှ စျေးချိုနေရာ အနှံ့နှင့် မန္တလေးမြို့ရှိ ဆရာလေးများ ဆုံမှတ်နေရာများတွင် မိုးချုပ်သည်အထိရှာဖွေခဲ့ကြောင်း၊ နောက်တစ်နေ့( ဇူလိုင် ၁၈ရက်)တွင် တစ်နေကုန်ထပ်မံရှာဖွေခဲ့ကြောင်း ဒေါ်မေဇာဏီက ပြောသည်။
ထိုဖြစ်စဉ်အတွက် မန္တလေးမြို့ အမှတ်-၆ ရဲစခန်း ၊ မန္တလေးမြို့ သံဃနယက အဖွဲ့ နှင့် စစ်ကိုင်းမြို့နယ် သီလရှင်အဖွဲ့ ဥက္ကဋ္ဌထံ အသိပေးအကြောင်းကြားထားကြောင်း နှင့် ယနေ့အထိအကြောင်း တစ်စုံတရာ ထူးခြားခြင်းမရှိသေးကြောင်း သိရသည်။

crd-Pyi Myanmar #Myanmar_Online_News
>>Zawgyi<<
မန္တလေးစျေးချိုတွင် ရှစ်နှစ်အရွယ် ပလောင်တိုင်းရင်းသူ သီလရှင်တစ်ပါး ပျောက်ဆုံးနေ
Sunday, July 19, 2020
စစ်ကိုင်းတောင်ရိုးမှ ဆွမ်းဆန်စိမ်းထွက်လာသော ပလောင်တိုင်းရင်းသူ ရှစ်နှစ်အရွယ် သီလရှင်တစ်ပါအား ဇူလိုင်လ ၁၇ရက်က မန္တလေးမြို့၊ စျေးချိုတွင် အမျိုးသမီးကြီးတစ်ဦးက အတင်းဆွဲသွားရာမှ ပျောက်ဆုံးလျှက်ရှိနေကြောင်း စစ် ကိုင်းတောင်းရိုးကွတ်ခိုင်ချောင် အောင်မြင့်မိုရ်သီလရှင်ကျောင်းတိုက်မှ စာသင်၊စာချသီလရှင်ဒေါ်မေဇာ ဏီက ပြောကြားခဲ့ကြောင်း သိရသည်။
''သူတို့ နှစ်ပါး၊ သုံးပါက လက်ချင်းချိတ်သွားနေတဲ့ အချိန်မှာ အဲ့အမျိုးသမီးကြီး ကလေးတွေကြားထဲ အတင်း ဝင်ပြီးလက်ကိုဆွဲခေါ်သွားတာ။ အဲဒါမျိုးအတင်းခေါ်သွားတာဆိုတော့စိုးရိမ်မိတယ်။ အဲ့ဆရာလေးက ရောက်တာလည်း မကြာသေးဘူး။ မြန်မာစကားလည်း သိပ်မပြောတတ်ဘူး။ မန္တလေး စျေးချိုကိုလည်း အခုမှ ရောက်ဖူးတာ ဖြစ်ပါတယ်'' ဟု ယင်းကပြောသည်။
ထိုနေ့တွင် အောင်မြင့်မိုရ် သီလရှင်ကျောင်းတိုက်မှဆရာလေးများ ဆွမ်းဆန်စိမ်းထွက်ကြရာ၌ သီလရှင် အပါး ၃၀ကျော်အထိပါသွားခဲ့သော်လည်း စျေးချိုနားတွင် သီလရှင်ဆရာလေးများ အုပ်စုကွဲနေချိန် အဆို ပါဖြစ်ရပ် ဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးဆရာလေးနှင့်အတူ အသက် ၁၂ အရွယ် ဆရာလေးနှစ်ပါး လည်း အတူရှိနေခဲ့ကြကြောင်း၊ ယင်းဆရာလေးနှစ်ပါးမှာလည်း စျေးချိုကို မရောက်ဖူးကြသည့်အပြင် လူများလည်း ရှုပ်နေသောကြောင့် အတင်းဆွဲခေါ်သွားသောအမျိုးသမီးကြီးနောက် လိုက်ခဲ့ရာ မျက်ခြေပြတ်သွားပြီး ဆက်ရှာ၍ မရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပျောက်ဆုံးဆရာလေးအား ဆွမ်းဆန်စိမ်းထွက်လာကြသော သီလရှင်များမှ စျေးချိုနေရာ အနှံ့နှင့် မန္တလေးမြို့ရှိ ဆရာလေးများ ဆုံမှတ်နေရာများတွင် မိုးချုပ်သည်အထိရှာဖွေခဲ့ကြောင်း၊ နောက်တစ် နေ့( ဇူလိုင် ၁၈ရက်)တွင် တစ်နေကုန်ထပ်မံရှာဖွေခဲ့ကြောင်း ဒေါ်မေဇာဏီက ပြောသည်။
ထိုဖြစ်စဉ်အတွက် မန္တလေးမြို့ အမှတ်-၆ ရဲစခန်း ၊ မန္တလေးမြို့ သံဃနယက အဖွဲ့ နှင့် စစ်ကိုင်းမြို့နယ် သီလရှင်အဖွဲ့ ဥက္ကဋ္ဌထံ အသိပေးအကြောင်းကြားထားကြောင်း နှင့် ယနေ့အထိအကြောင်း တစ်စုံတရာ ထူးခြားခြင်းမရှိသေးကြောင်း သိရသည်။
crd-Pyi Myanmar #Myanmar_Online_News

0 comments:

Post a Comment