Wednesday, July 22, 2020

တရုတ်တွင် ရေကာတာ ကျိုးပေါက်မှုကြောင့် လူ တသောင်းခန့် ရေးဘေးဒုက္ခရောက်

တရုတ်နိုင်ငံ တဝန်းမှာလည်း ရေကြီး ရေလျှံမှုက ပို၍ ဆိုးလာနေပြီး နိုင်ငံအရှေ့ပိုင်းမှာ ရေကာတာတွေ ကျိုးပေါက်တာကြောင့် လူပေါင်း ၁၀,၀၀၀ ကျော် ပိတ်မိနေပါတယ်။ Anhui ပြည်နယ် Guzhen မြို့တဝိုက်မှာ တနင်္ဂနွေနေ့က ရေကာတာတွေကနေ ကျော်ပြီး ရေတွေ ဝင်လာပါတယ်။
တရုတ် ကွန်မြူနစ်ပါတီရဲ့ Guzhen မြို့ဆိုင်ရာ အတွင်းရေးမှူး Wang Qingjum ကတော့ ရေကြီး ရေလျှံမှုက ၃ မီတာ အနက်- ၁၀ ပေလောက် ရှိတယ်လို့ ပြောပါတယ်။ ဇွန်လတွင်း ရေကြီး ရေလျှံမှု စတင်ချိန်ကစလို့ လူပေါင်း ၁၄၁ ယောက်ထက် မနည်း သေဆုံး- ပျောက်ဆုံးနေပြီး အိမ် ၁၅၀,၀၀၀ လောက် ပျက်စီးခဲ့ပါတယ်။ ဆုံးရှုံးမှုက ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၉ သန်းလောက် ရှိပါတယ်။
Anhui ပြည်နယ် တဝန်းမှာ ရေကြီးမှု သဘာဝ ဘေးဒဏ်ကို လျော့ပါးသက်သာစေရေး အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေကြပါတယ်။ ရေကြီး ရေလျှံမှုက သက်သာစေရေး အတွက် ရေကာတာ တခုကို တနင်္ဂနွေနေ့က ဖောက်ခွဲပြီး ဖွင့်ချလိုက်သလို Xiangjiaba ဆည်က ရေလွှဲပေါက်တွေကိုလည်း တနလာင်္နေ့မှာ ဖွင့်ချလိုက်ပါပြီ။ ၁၉၅၃ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ Xiangjiaba ဆည်ကြီးရဲ့ ဂိတ်တွေ ဖွင့်ချတာဟာဆိုရင် အခုတကြိမ်နဲ့ ဆို ၁၅ ကြိမ်သာ ရှိခဲ့တာပါ။
မိုးသည်းထန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေပေမယ့်လည်း တရုတ် အစိုးရပိုင် Xinhua သတင်းအေဂျင်စီကတော့ ၂၀၂၀ ပြည့်နှစ် အတွင်း တရုတ်နိုင်ငံတွင်း သေဆုံးမှုနှုန်းနဲ့ စီးပွားရေး အရ ဆုံးရှုံးရမှုက နှစ်စဉ် ပျမ်းမျှနှုန်းအောက်မှာဘဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။
>>Zawgyi<<

0 comments:

Post a Comment