Sunday, July 19, 2020

အမေရိကန်ဟာ တရုတ်-မြန်မာဆက်ဆံရေးကို "မစားရတဲ့အမဲ သဲနဲ့ပက်တယ်"လို့ တရုတ်သံရုံးတုံ့ပြန်


အမေရိကန်သံရုံးတာဝန်ခံရဲ့ရေးသားချက်ဟာ တရုတ်-မြန်မာဆက်ဆံရေးနဲ့ပတ်သက်လို့ အမေရိကန်ရဲ့" မစားရတဲ့အမဲ သဲနဲ့ပက်"ဆိုတဲ့ စိတ်ဓါတ်ပေါ်လွင်နေတယ်လို့ တရုတ်သံရုံးက တုံ့ပြန်လိုက်ပါတယ်။
"တောင်တရုတ်ပင်လယ်ကပြဿနာ မြန်မာအပေါ် ဘယ်လိုသက်ရောက်နေလဲ"ဆိုတဲ့ အမေရိကန်သံရုံးယာယီတာဝန်ခံ ဂျော့ချ် အန် ဆစ်ဘလီရေးထားတာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
နှစ်နိုင်ငံသံရုံးရဲ့ Facebook စာမျက်နှာတွေမှာ အသီးသီးပြင်းပြင်းထန်ထန်ရေးသားထားကြတာဖြစ်ပြီးတော့ ရေးသားချက်တွေဟာ စာမျက်နှာ(၆)မျက်နှာဝန်းကျင်စီရှိကြပါတယ်။
အကျဉ်းချုပ်အနေနဲ့ ကိုဗစ်ကပ်ရောဂါကာလမှာ တရုတ်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို နှိမ်နှင်းမှုနဲ့ တခြားနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာအပေါ် မလေးစားမှုရှိနေတယ်လို့ အမေရိကန်သံရုံးတာဝန်ခံက ရေးသားထားပါတယ်။
တရုတ်သံရုံးကလည်း အမေရိကန်အာဏာပိုင်တွေဟာ ပြည်တွင်းပဋိပက္ခကို အာရုံလွှဲရေး၊ နိုင်ငံရေးအမြတ်ထုတ်နိုင်ရေးအတွက် တစ်ကမ္ဘာလုံးမှာတင်ဆက်တဲ့ လုပ်ဇာတ်နောက်တစ်ခုသာဖြစ်တယ်လို့ အမေရိကန်ကို တုံ့ပြန်ခဲ့ပါတယ်။
Ref ; O Media

0 comments:

Post a Comment