Monday, July 27, 2020

ကန့်ကွက်မှုများကြောင့် ဒီချုပ်အမတ်လောင်း သုံးဦးကို ပါတီကထောက်ခံစာ ထုတ်မပေးသေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှကိုယ်စားလှယ်လောင်းသုံးဦးကို ကန့်ကွက်မှုများကြောင့် ထောက်ခံစာထုတ်ပေးရန် ခေတ္တဆိုင်းငံ့ထားကြောင်း ယင်းပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောသည်။
နိုင်ငံရေးပါတီတစ်ခုခုကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် သက် ဆိုင်ရာပါတီဌာနချုပ်မှ တရားဝင်ရွေးချယ်အတည်ပြုသောထောက်ခံစာနှင့် အတူ ရွေးကောက်ပွဲကော် မရှင် အဖွဲ့ခွဲများသို့ အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။
ထိုသို့ အမည်စာရင်းတင်သွင်းရာတွင် လိုအပ်သောပါတီ၏ ထောက်ခံစာကို ကိုယ်စားလှယ်လောင်းသုံးဦးအားထုတ်ပေးခြင်းမရှိသေးဘဲ ခေတ္တဆိုင်းငံ့ထား ကြောင်းနှင့် ယင်းကိုယ်စားလှယ် လောင်းသုံးဦးသည် ကန့်ကွက်မှု များရှိနေ၍ဖြစ်သည်ဟု ဒေါက် တာမျိုးညွန့်က ရှင်းပြသည်။
‘‘ကိုယ်စားလှယ်လောင်းအ ဖြစ် ထောက်ခံစာထုတ်ပေးတာကို ခေတ္တဆိုင်းငံ့ထားပြီးတော့ ဒီတစ် ရက်၊ နှစ်ရက်အတွင်းမှာ အပြီးစိ စစ်ပြီး ဆုံးဖြတ်ချက်ချပေးသွား မှာဖြစ်ပါတယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။
ဒေါက်တာမျိုးညွန့်သည် ယမန်နေ့(ဇူလိုင် ၂၆ ရက်)တွင် ဧရာ ဝတီတိုင်းသို့ရောက်ရှိနေသည့် အတွက် နေ ပြည်တော်၊ ပါတီဌာန ချုပ်(ယာယီ)တွင် ကန့်ကွက်မှု မည်မျှရောက်ရှိသည်ကို မသိရှိကြောင်းနှင့် ၎င်းသိရှိထားသည်မှာ သုံးဦးရှိသည်ဟု အတည်ပြုသည်။
သို့ရာတွင် ကန့်ကွက်မှုရှိ တိုင်း ပါတီက လက်ရှိရွေးချယ် ထားသော ကိုယ်စားလှယ်လောင်းများကို ပြန်လည်ပြင်ဆင်ရန် စဉ်း စားမည်မဟုတ်ကြောင်းနှင့် ခိုင် လုံသည့်အထောက်အထားပြနိုင် ပြီး အရေးကြီးသည့်ကိစ္စဟု သတ် မှတ်ပါက ပြန်လည်ပြင်ဆင်ရန် စဉ်းစားမည်ဟု ဒေါက်တာမျိုးညွန့် က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းစာရင်းကို ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့ပြီး နိုင်ငံတစ်ဝန်းဝင်ရောက်ယှဉ် ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁,၁၃၂ ဦးရှိသည်။
အဆိုပါရွေးချယ်ထားသော ကိုယ်စားလှယ်လောင်းအနက် အချို့မှာ ကန့်ကွက်မှုများနှင့်ရင် ဆိုင်နေရပြီး ရာ ခိုင်နှုန်းအားဖြင့် နည်းပါးကြောင်း ဒေါက်တာမျိုး ညွန့်က ပြောသည်။ ကန့်ကွက်ခံရ သူများ၏ အမည်ကို ၎င်း တို့၏ ဂုဏ်သိက္ခာအတွက် ထုတ်ဖော် ပြောဆိုရန်မရှိကြောင်း ၎င်းက ဆို သည်။
သို့ရာတွင် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းအ ဖြစ် ရွေးချယ်ခံရသူ မိချိုသဲသည် ကန့်ကွက်မှုများနေသဖြင့် ပါတီ က ထောက်ခံစာထုတ်ပေးရန် ဆိုင်းငံ့ထားသည်ဟု ဒေါက်တာ မျိုးညွန့်က အတည်ပြုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ မွန်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်ကလည်း ချောင်းဆုံကိုယ်စား လှယ်လောင်း မိချိုသဲအပေါ် ကန့်ကွက်မှုရှိသည်ဟု သတင်းစာကို အတည်ပြုသည်။
လွန်ခဲ့သည့် ၂ နှစ်ခန့်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် တရားရုံးတွင် ဒေါ်ချိုသဲအပါအဝင် သုံးဦးမှာ ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် တရားလို ဦးကျော်မျိုးနိုင် က တရားစွဲဆိုခဲ့ကြောင်း တရားလိုရှေ့နေ ဦးဇေယျာမင်းက ပြော သည်။ မြေကွက်အရောင်းအဝယ် ကိစ္စဖြင့် တရားစွဲဆိုခံရခြင်းဖြစ် သည်ဟုဆိုသည်။
‘‘အမှုအခြေအနေက တရား ခံတွေကို စစ်မယ့်အနေအထား ရောက်ပြီ။ လာမယ့်ရုံးချိန်းမှာ တရားခံတွေကိုစစ်မှာ’’ဟု အ ထက်ပါ တရားလွှတ်တော်ရှေ့နေ က ပြောသည်။
ကိုယ်စားလှယ်လောင်းရွေး ချယ်ခံရမှုအပေါ် ကန့်ကွက်မှုအ ခြေအနေနှင့်ပတ်သက်၍ ကာယ ကံရှင်မိချိုသဲကို မေးမြန်းရန် ဇူလိုင် ၂၅ ရက်နှင့် ၂၆ ရက်တွင် ကြိုးစားခဲ့သော်လည်း အဆက် အသွယ်မရပေ။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် မွန်ပြည်နယ် ချောင်း ဆုံမြို့နယ်မဲဆန္ဒနယ်တွင် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲက အ နိုင်ရခဲ့သော်လည်း ၂၀၁၇ ကြား ဖြတ်ရွေးကောက်ပွဲ၌ ပြိုင်ဘက် ပါတီပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သည်။
Ref ; 7Day

0 comments:

Post a Comment