Monday, July 20, 2020

(၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားနှင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာရွတ်ဆိုခြင်းနှင့် ဆုပေးပွဲပြုလုပ်

(၇၃)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားနှင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာရွတ်ဆိုခြင်းနှင့် ဆုချီးမြှင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဥတ္တမ ခန်းမ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး စစ်တွေတက္ကသိုလ်၊ မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ မင်းဇော် က အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအတ္ထုပတ္တိတို့ကို ဂုဏ်ပြုဟောပြောကြားပြီးနောက် ကျဆုံလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား လွမ်းသူပန်းခွေချခြင်း၊ အလေးပြုခြင်းအား ၂ မိနစ်ခန့်ငြိမ်သက် အလေးပြုကြပြီး ကျဆုံလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား "အလေးပြုပါသည်" သီချင်းဖြင့် အောင်ဆန်း၏ မိန့်ခွန်းဗွီဒီယို မှတ်တမ်းအား ပြသခဲ့သည်။
ဆက်လက်၍ (၇၃)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း တပ်မတော်မှသတင်းအရ သိရှိရသည်။
>>Zawgyi<<

0 comments:

Post a Comment