Saturday, July 25, 2020

အမေရိကန်ဂျက်တိုက်လေယာဉ်က အီရန်ခရီးသည်တင်လေယာဉ်ကို လိုက်လံခြိမ်းခြောက်၍ ခရီးသည်များ ဒဏ်ရာရရှိ

ဆီးရီးယားလေကြောင်းပိုင်းနက်အတွင်း အီရန်ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် အန္တရာယ်ရှိသည်အထိ အမေရိကန် F-15 ဂျက်တိုက်လေယာဉ် အနည်းဆုံးတစ်စင်းချည်းကပ်လာကြောင်း အီရန်အစိုးရပိုင် မီဒီယာကဖော်ပြသည့် စွပ်စွဲချက်ကို အမေရိကန်က ငြင်းဆိုသည်။
မာဟန်လေကြောင်းလိုင်းပိုင်လေယာဉ် အမြင့်အမြန်ပြောင်းလဲပြီး ခရီးသည်အများအပြားဒဏ်ရာရခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRIB သတင်းအေဂျင်စီကဖော်ပြသည့် ရုပ်သံတွင် လေယာဉ်တစ်စင်းပြတင်းပေါက်မှ နောက်ထပ်လေယာဉ်တစ်စင်းကို အနီးကပ်မြင်ရပုံနှင့် နှာခေါင်းတွေသွေးထွက်နေသည့်ခရီးသည်တစ်ယောက်ကို မြင်တွေ့ရသည်။
မာဟန်လေကြောင်းလိုင်းပိုင်လေယာဉ်သည် အီရန်မြို့တော်တီဟီရန်မှ လက်ဘနွန်မြို့တော်ဘေရွတ်သို့ထွက်လာခဲ့ခြင်းဖြစ်ပြီး ဘေရွတ်တွင် ဘေးကင်းလုံခြုံစွာဆင်းသက်နိုင်သည်။
crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment