
“Bullets Over Broadway” ရုပ်ရှင်မင်းသား နစ်ကော်ဒီရိုဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တနင်္ဂနွေနေ့ အသက် ၄၁ နှစ် အရွယ်မှာတင် ကွယ်လွန်သွားခဲ့ရကြောင်း သူ့ဇနီး အမန်ဒါကလို့စ်က အတည်ပြုပြောခဲ့ပါတယ်။
နစ်ကော်ဒီရိုဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ဆက်တွဲ ရောဂါဝေဒနာတွေကို ၉၅ ရက်ကြာအထိ ခံစားခဲ့ရပြီး မကြာသေးခင်ကပျက်စီးသွားတဲ့ အဆုတ်နှစ်ခြမ်းစလုံး လဲလှယ်ခဲ့ရပါတယ် “ကျွန်မရဲ့ချစ်လှစွာသော ခင်ပွန်းဟာ ဒီ မနက်ကပဲ ကွယ်လွန်သွားခဲ့ပါပြီ၊ နောက်ဆုံးအချိန်မှာ သူချစ်ရတဲ့ မိသားစုတွေအားလုံး သူ့အနားမှာရှိပြီး သီချင်းတွေဆို၊ ဆုတွေတောင်းပေးခဲ့ကြပါတယ်။ ကမ္ဘာမြေကြီးကို ငြင်ငြင်သာသာနဲ့ စွန့်ခွာသွားခဲ့တာပါ”လို့ အမန်ဒါကလို့စ်က တနင်္ဂနွေနေ့က အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။
နစ်ကော်ဒီရိုဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆုတ်ပျက်ဆီးခဲ့ပြီး မကြာသေးခင်က အဆုတ်နှစ်ခြမ်းစလုံး လဲလှယ်ရဖွယ်ရှိတယ်လို့ အမန်ဒါကလို့စ်က ပြောခဲ့ပါသေးကြောင်း CNN သတင်းက ဖော်ပြပါတယ်။
Ref ; The Standard Time Daily
0 comments:
Post a Comment