Friday, July 10, 2020

ရဲတပ်ဖွဲ့ဝင် ၂ ဦးကို မူးယစ်ဆေးဆေးဝါးများနှင့်အတူ ဖမ်းဆီးလိုက်တဲ့ တောင်ကြီးမြို့က ပြည်သူများ

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ဇူလိုင်လ ၇ ရက်၊ ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများ၊ ပြည်သူများ စုပေါင်း၍ မူးယစ်ဆေးဝါး ဖမ်းဆီးခြင်းလုပ်ငန်း ဆောင်ရွက်ရာ ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တွေ့ရှိ ခဲ့ပြီး ၎င်းတို့အနက် ၂ ဦးတွင် မူးယစ်ဆေးဝါးများ တွေ့ရှိသဖြင့် တောင်ကြီးမြို့မရဲစခန်းသို့ လွှဲအပ်ခဲ့ကြောင်း သိရသည်။
“ရပ်ကွက်ထဲမှာ မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေ များလာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်ထဲက ပြည်သူတွေ ပူးပေါင်းပြီး သွားဖမ်းတာ ရဲ ၂ ယောက်ကို ဆေးပြား ၉ ပြားနဲ့ အတူ ဖမ်းမိတယ်။ သူတို့က ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကလို့ ပြောတယ်။ အဲဒါနဲ့ စခန်းမှူးကို အကြောင်းကြားလိုက်တော့ လာခေါ်သွားပြီး တစ်ခါတည်း အမှုဖွင့် အရေးယူ လိုက်တယ်” ဟု ရွှေတောင်ရပ်ကွက်နေ ဦးသန်းအောင်က ပြောသည်။
ရွှေတောင်ရပ်ကွက်အတွင်းရှိ မူးယစ်ဆေးဝါး ရောင်းချသည်ဟု ကျော်ဇောသူများ၏ နေအိမ်များအား ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံး တာဝန်ရှိသူများနှင့် ရပ်ကွက်နေ ပြည်သူများမှ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ရာတွင် ရဲတပ်ဖွဲ့ဝင် ၅ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနက် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိသူ ၂ ဦးကို အမှုဖွင့်အရေးယူကာ ကျန် ၃ ဦးမှာ မူးယစ် ဆေးဝါး တွေ့ရှိခြင်း မရှိသည့်အတွက် ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် တောင်ကြီးမြို့ ရွှေတောင်ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပိုမိုများလာသဖြင့် တောင်ကြီးခရိုင် ရဲတပ်ဖွဲ့မှူး၏ ခွင့်ပြုချက်ဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူ များနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ မူးယစ်ဆေးဝါး ဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။
crd-ကမ္ဘောဇတိုင်း #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment