Thursday, July 16, 2020

ရွေးကောက်ပွဲတွင် အထူးရဲလေးသောင်းကျော်ခန့်မည့်ဖြစ်ပြီး တပ်မတော်မှလည်း ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လိုအပ်သည်မှန်သမျှကို ကူညီဆောင်ရွက်ပေးသွားမည်

လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနရှိ အထူးရဲတပ်ဖွဲ့ဝင်အင်အား လေးသောင်းကျော် ခန့်အပ်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID -19 ဖြစ်ပွားမှုနှုန်း တိုးလာမှု၊ လျော့နည်းလာမှုအပေါ်မူတည်ပြီး ကျန်းမာရေးအန္တရာယ် လူထုမဲဆန္ဒရှင်များ စိတ်ချ၊လုံခြုံအောင် ဘေးကင်းစွာဖြင့် မဲပေးနိုင်ရေးအတွက် လည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်ကပြောသည်။
အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲကို စံ ၅ ချက်နှင့်အညီ ဟန်ပြမဟုတ် စံပြရွေးကောက်ပွဲဖစ်အောင် ဥပဒေနဲ့အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မရှင်၏ ဥက္ကဌ ဖြစ်သူ ဦးလှသိန်းကပြောဆိုထားသည်။
ထို့အတူ တပ်မတော်မှလည်း ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လုံခြုံရေး အပါအဝင် လိုအပ်သည်မှန်သမျှကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူသည် ၃၇ သန်းကျော်ရှိပြီး မဲရုံပေါင်း လေးသောင်းကျော်လျာထားကြောင်းသိရသည်။
crd-TheFifthWaveNews #Myanmar_Online_News
>>Zawgyi<<
ရွေးကောက်ပွဲတွင် အထူးရဲလေးသောင်းကျော်ခန့်မည့်ဖြစ်ပြီး တပ်မတော်မှလည်း ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လိုအပ်သည်မှန်သမျှကို ကူညီဆောင်ရွက်ပေးသွားမည်
Thursday, July 16, 2020
လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေးအတွက် အထူးရဲတပ်ဖွဲ့ ပြည်ထဲရေးဝန်ကြီးဌာနရှိ အထူးရဲတပ်ဖွဲ့ဝင်အင်အား လေးသောင်းကျော် ခန့်အပ်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၁၅ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ တွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် COVID -19 ဖြစ်ပွားမှုနှုန်း တိုးလာမှု၊ လျော့နည်းလာမှုအပေါ်မူတည်ပြီး ကျန်းမာရေးအန္တရာယ် လူထုမဲဆန္ဒရှင်များ စိတ်ချ၊လုံခြုံအောင် ဘေးကင်းစွာဖြင့် မဲပေးနိုင်ရေးအတွက် လည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်ကပြောသည်။
အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရွေးကောက်ပွဲကို စံ ၅ ချက်နှင့်အညီ ဟန်ပြမဟုတ် စံပြရွေးကောက်ပွဲဖစ်အောင် ဥပဒေနဲ့အညီ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မရှင်၏ ဥက္ကဌ ဖြစ်သူ ဦးလှသိန်းကပြောဆိုထားသည်။
ထို့အတူ တပ်မတော်မှလည်း ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လုံခြုံရေး အပါအဝင် လိုအပ်သည်မှန်သမျှကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူသည် ၃၇ သန်းကျော်ရှိပြီး မဲရုံပေါင်း လေးသောင်းကျော်လျာထားကြောင်းသိရသည်။
crd-TheFifthWaveNews #Myanmar_Online_News

0 comments:

Post a Comment