Saturday, July 11, 2020

နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသော စင်ကာပူနိုင်ငံမှ မြန်မာသင်္ဘောသားများအား ပြန်လည်ပို့ဆောင်

၁။ COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် တာဝန်ထမ်းဆောင်မှု ပြီးဆုံး၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာသင်္ဘောသား (၇၃)ဦး၊ အခြား(၂)ဦး၊ စုစုပေါင်း(၇၅)ဦးအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာ သင်္ဘောကုမ္ပဏီ များ၊ မြန်မာသံရုံး၊ စင်ကာပူမြို့၏ စီစဉ်ပေးမှုတို့ဖြင့် ၁၁-၇-၂၀၂၀ ရက်နေ့၊ ဒေသစံတော်ချိန် (၁၀:၀၀)နာရီတွင် စင်းလုံးငှားလေယာဉ် Special Charter Flight (Myanmar Airways International-MAI) လေကြောင်းပျံသန်းအမှတ် 8M232 ဖြင့် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသည်။
၂။ အဆိုပါလေယာဉ်တွင် OCEAN TIARA ၊ MT ROYAL DIAMOND 7 ၊ MT ROYAL PERIDOT ၊ OPHELIA ၊ NORTHERN JUPITER ၊ TAURUS LEADER ၊ KOTA LESTARI အစရှိ သည့် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံသို့ပြန်ရန် စောင့်ဆိုင်း နေကြသည့် သင်္ဘောသားများ လိုက်ပါသွားကြပါသည်။
၃။ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများ အနေဖြင့် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေ ရေးနှင့် စင်ကာပူနိုင်ငံမှ အဆင်ပြေချောမွေ့စွာ ထွက်ခွာနိုင်ရေးအတွက် သံရုံးမှ တာဝန်ရှိသူ များသည် ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များအား ကူညီ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရပါသည်။
Crd : MOFA

0 comments:

Post a Comment