Sunday, July 19, 2020

မန်းရွှေစက်တော် ဘုရားအနီး ဧက ၆၀ ကျယ်ဝန်းတဲ့ ဟိုတယ်ဇုန်တခု တည်ဆောက်မည်

ရေမြေတောတောင် သဘာဝကောင်းမွန်တဲ့ မန်းရွှေစက်တော်ဘုရား လှေတင်တံတား အကျော် ညာဘက်ဘေးမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ ဧက ၆၀ ကျယ်ဝန်းတဲ့ ဟိုတယ်ဇုန်တခုတည်ဆောက်ဖို့ စီစဉ်နေတယ်လို့ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန တိုင်းတာဝန်ခံ ဦးမြင့်စိန်က ပြောပါတယ်။
“အဲဒီနေရာမှာ ဟိုတယ်၊ မိုတယ်တွေ သာမက ဒေသထွက် ဝါးနဲ့ ဆောက်လုပ်တဲ့ အိမ်လေးတွေပါ ထည့်သွင်းဆောက်လုပ်မယ့်အပြင် ပန်းခြံ၊ ကားပါကင်တွေလည်း စနစ်တကျ လုပ်ဆောင်သွားမယ်။ လတ်တလောအခြေနေတွေမှာ ဆက်စပ်ဌာနဆိုင်ရာတွေနဲ့ ကွန်ဒိုမြေပုံရေးဆွဲနေပြီး တိုင်းအစိုးရရဲ့ အစီအစဉ်နဲ လုပ်ငန်းရှင်တွေဖိတ်ခေါ်ပြီး ညှိနှိုင်းတိုင်ပင်ကာ နောက်နှစ်ရွှေစက်တော်ဘုရားပွဲရာသီမှာ စတင်နိုင်လိမ့်မယ်။”
မန်းရွှေစက်တော် ခြေတော်ရာ နှစ်ဆူကို ဖူးမြော်ပြီး သဘဝ တောတောင်ရေမြေ၊ ဆင်စခန်း၊ ရွှေသမင်၊ ကြယ်လိမ်တွေကို လေ့လာခွင့်ရမှာဖြစ်လို့ ပြည်တွင်းပြည်ပခရီးသွားတွေအတွက် ဆွဲဆောင်မှုတခုဖြစ်မယ်လို့ ဆိုပါတယ်။
မကွေးတိုင်းအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ တည်းခိုနိုင်တဲ့ ဟိုတယ်၊ မိုတယ် အရေအတွက် ၅၀ ရှိပြီး လူထုအခြေပြု ခရီးသွားလုပ်ငန်း CBT နှစ်ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
>>Zawgyi<<

0 comments:

Post a Comment