Sunday, July 19, 2020

လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသောယာဉ်က စက်ဘီးအား ကျော်တက်စဉ် မတော် တဆ ယာဉ်ပွတ်တိုက်မှုဖြစ်


လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသောယာဉ်သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ကော့မှူးမြို့နယ်သို့ မောင်းနှင်လာစဉ် ဒလ-ဓနုတ်ကားလမ်း ညောင်ချောင်းကျေးရွာနှင့် ဓနုတ်ကျေးရွာကြား အရောက်ရှေ့မှ မောင်းနှင်နေသော စက်ဘီးတစ်စီးအား ဘေးမှကျော်တက်စဉ် လမ်းမှာ အနည်းငယ်ကျဉ်းမြောင်းသဖြင့် ယာဉ်၏ ယာဘက်နောက်ကြည့်မှန်မှ စက်ဘီးအား မတော်တဆ ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယာဉ်ပွတ်တိုက်မှုကြောင့် ကော့မှူးမြို့နယ်၊ သခွပ်ပင်ကျေးရွာအုပ်စု၊ စက်စုကျေးရွာနေ စက်ဘီးရှေ့ထိုင်ခုံရှိ ဦးမြင့်ကိုမှာ ထိခိုက်မှုမရှိသော်လည်း နောက်မှ လိုက်ပါလာသည့် ညီမတော်စပ်သူ ဒေါ်ခင်နှင်းရီမှာ စက်ဘီးပေါ်မှ အောက်သို့ ပြုတ်ကျမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ ဒဏ်ရာရရှိသည့် ဒေါ်ခင်နှင်းရီအား ဒလပြည်သူ့ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်၍ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ နေ့လယ်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ အသေးစိတ် ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်မောင်းစစ်သည်အား စိစစ်၍ လိုအပ်သော အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းအရ သိရှိရသည်။
>>Zawgyi<<
လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ယာဉ်က စက်ဘီးအား ကျော်တက်စဉ် မတော်တဆ ယာဉ်ပွတ်တိုက်မှုဖြစ်
Sunday, July 19, 2020
လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသောယာဉ်သည် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၁၇ ရက် နံနက်ပိုင်းတွင် ကော့မှူးမြို့နယ်သို့ မောင်းနှင်လာစဉ် ဒလ-ဓနုတ်ကားလမ်း ညောင်ချောင်းကျေးရွာနှင့် ဓနုတ်ကျေးရွာကြား အရောက်ရှေ့မှ မောင်းနှင်နေသော စက်ဘီးတစ်စီးအား ဘေးမှကျော်တက်စဉ် လမ်းမှာ အနည်းငယ်ကျဉ်းမြောင်းသဖြင့် ယာဉ်၏ ယာဘက်နောက်ကြည့်မှန်မှ စက်ဘီးအား မတော်တဆ ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ယာဉ်ပွတ်တိုက်မှုကြောင့် ကော့မှူးမြို့နယ်၊ သခွပ်ပင်ကျေးရွာအုပ်စု၊ စက်စုကျေးရွာနေ စက်ဘီးရှေ့ထိုင်ခုံရှိ ဦးမြင့်ကိုမှာ ထိခိုက်မှုမရှိသော်လည်း နောက်မှ လိုက်ပါလာသည့် ညီမတော်စပ်သူ ဒေါ်ခင်နှင်းရီမှာ စက်ဘီးပေါ်မှ အောက်သို့ ပြုတ်ကျမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အဆိုပါ ဒဏ်ရာရရှိသည့် ဒေါ်ခင်နှင်းရီအား ဒလပြည်သူ့ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်၍ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးကာ နေ့လယ်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ အသေးစိတ် ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်မောင်းစစ်သည်အား စိစစ်၍ လိုအပ်သော အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်မှ သတင်းအရ သိရှိရသည်။

0 comments:

Post a Comment