Saturday, July 25, 2020

နိုင်ငံခြားထီကံစမ်းသူများ အာမခံချက် အပြည့်အဝမရှိသည့်အပြင် ဥပဒေကြောင်းအရပါ ဖြေရှင်းရနိုင်

လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ရောင်းချလျက်ရှိသော နိုင်ငံခြားထီများသည် တရားမဝင်သည့်အပြင် ထီဝယ်ကံစမ်းသူများအတွက်လည်း အာမခံချက် အပြည့်အဝမရှိကြောင်း နိုင်ငံခြားထီ ဝယ်ယူရောင်းချသူများ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
ဆုကြေးငွေများပြီး ပေါက်နိုင်ခြေပိုများသည်ဟုဆိုကာ ပြည်တွင်း၌ နိုင်ငံခြားထီအပေါ် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကာ အထူးသဖြင့် ထိုင်းထီနှင့်စင်ကာပူထီများကို လူကြိုက်များလျက်ရှိသည်။
''ထီဆုအသေးလေးတွေပဲ ပေါက်နေတုန်းမို့လို့သာ ပြဿနာမဖြစ်ကြသေးတာ။ တကယ်တမ်း ဆုကြီးပေါက်ပြီဆိုရင် သက်ဆိုင်ရာနိုင်ငံက ထီရုံးချုပ်မှာ သွားထုတ်ရမယ်။ အဲဒီမှာ ထီလက်မှတ်ကို ဘယ်ဆိုင်က ဝယ်တာလဲ၊ ကိုယ်တိုင်ဝယ်တာဟုတ်၊ မဟုတ် စသဖြင့် ထီလက်မှတ်နဲ့ ငွေကြေးခဝါချတာမျိုး မဖြစ် အောင် သူတို့က သေချာစစ်ဆေးတယ်။ အဲဒီမှာကိုယ်က ကိုယ်တိုင်ဝယ်ထားတဲ့လက်မှတ်မဟုတ်ရင် ထီဆုကြေးငွေမရတဲ့အပြင် ဥပဒေကြောင်းအရပါ ရှင်းရမယ့်အပိုင်းတွေ ဖြစ်လာနိုင်မယ်။ ဒါကိုမသိကြတော့ ဆုကြေး ငွေလောက်ကို အိပ်မက်မက်ပြီး ထိုးနေကြတာ။ လုံးဝအာမခံချက်မရှိဘူး''ဟု စင်ကာပူနိုင်ငံတွင် ၁ဝ နှစ်ကျော်ကြာ နေထိုင်ခဲ့သူတဦးက ပြောသည်။
ထိုင်းထီတစောင်လျှင် မြန်မာငွေ ကျပ် ၅၅ဝဝ ဝန်းကျင်ခန့်ဖြင့် ရောင်းချမှုများရှိနေပြီး ဆုငွေမှာ အမြင့်ဆုံးဘတ် ၆ သန်းအထိ ဆွတ်ခူးနိုင်သည်။ စင်ကာပူထီ (Sweep) တစောင်လျှင် မြန်မာငွေကျပ် ၄ဝဝဝ ဝန်းကျင်ခန့်ဖြင့် ရောင်းချနေပြီး ဆုကြေးအနေဖြင့် စင်ကာပူဒေါ်လာ ၂ ဒသမ ၃ သန်းချီးမြှင့်ကြောင်း သိရသည်။
''စက်ကနေကျတဲ့နံပါတ်ကို ရောင်းတဲ့သူကနေ ဝယ်သူတွေကို ဓာတ်ပုံပဲပြပေးရတယ်။ တကယ်လို့ ပေါက်ခဲ့ရင် သူတို့လက်ထဲမှာ ထီလက်မှတ်အစစ် မရှိဘူး။ အန္တရာယ်များတယ်။ ထီလက်မှတ်မရှိဘဲ တကယ်လို့ပေါက်ခဲ့ရင်ဆိုတဲ့အတွေးကို လူတိုင်းတွေးလာကြတယ်'' ဟု ပြည်ပထီရောင်းချနေသူတဦး ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် အစိုးရက တရားဝင်ခွင့်ပြုထားသောထီဟူ၍ အောင်ဘာလေထီ တမျိုးတည်းသာရှိကြောင်း၊ ပြည်ပထီများသည် သက်ဆိုင်ရာ နိုင်ငံများတွင်သာ တရားဝင်ပြီး မြန်မာနိုင်ငံတွင် ဝယ်ယူရောင်းချခြင်းသည် တရားမဝင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ပြောသည်။
crd-News Watch #Myanmar_Online_News
>>Zawgyi<<
နိုင်ငံခြားထီကံစမ်းသူများ အာမခံချက် အပြည့်အဝမရှိသည့်အပြင် ဥပဒေကြောင်းအရပါ ဖြေရှင်းရနိုင်
Saturday, July 25, 2020
လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ရောင်းချလျက်ရှိသော နိုင်ငံခြားထီများသည် တရားမဝင်သည့်အပြင် ထီဝယ်ကံစမ်းသူများအတွက်လည်း အာမခံချက် အပြည့်အဝမရှိကြောင်း နိုင်ငံခြားထီ ဝယ်ယူရောင်းချသူများ အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
ဆုကြေးငွေများပြီး ပေါက်နိုင်ခြေပိုများသည်ဟုဆိုကာ ပြည်တွင်း၌ နိုင်ငံခြားထီအပေါ် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိကာ အထူးသဖြင့် ထိုင်းထီနှင့်စင်ကာပူထီများကို လူကြိုက်များလျက်ရှိသည်။
''ထီဆုအသေးလေးတွေပဲ ပေါက်နေတုန်းမို့လို့သာ ပြဿနာ မဖြစ်ကြသေးတာ။ တကယ်တမ်း ဆုကြီးပေါက်ပြီဆိုရင် သက်ဆိုင်ရာနိုင်ငံက ထီရုံးချုပ်မှာ သွားထုတ်ရမယ်။ အဲဒီမှာ ထီလက်မှတ်ကို ဘယ် ဆိုင်က ဝယ်တာလဲ၊ ကိုယ်တိုင်ဝယ်တာဟုတ်၊ မဟုတ် စသဖြင့် ထီလက်မှတ်နဲ့ ငွေကြေးခဝါချတာမျိုး မဖြစ် အောင် သူတို့က သေချာစစ်ဆေးတယ်။ အဲဒီမှာကိုယ်က ကိုယ်တိုင်ဝယ်ထားတဲ့လက်မှတ်မဟုတ်ရင် ထီဆုကြေးငွေမရတဲ့အပြင် ဥပဒေကြောင်းအရပါ ရှင်းရမယ့်အပိုင်းတွေ ဖြစ်လာနိုင်မယ်။ ဒါကိုမသိကြတော့ ဆုကြေး ငွေလောက်ကို အိပ်မက်မက်ပြီး ထိုးနေကြတာ။ လုံးဝအာမခံချက်မရှိဘူး''ဟု စင်ကာပူနိုင်ငံတွင် ၁ဝ နှစ်ကျော်ကြာ နေထိုင်ခဲ့သူတဦးက ပြောသည်။
ထိုင်းထီတစောင်လျှင် မြန်မာငွေ ကျပ် ၅၅ဝဝ ဝန်းကျင်ခန့်ဖြင့် ရောင်းချမှုများရှိနေပြီး ဆုငွေမှာ အမြင့်ဆုံးဘတ် ၆ သန်းအထိ ဆွတ်ခူးနိုင်သည်။ စင်ကာပူထီ (Sweep) တစောင်လျှင် မြန်မာငွေကျပ် ၄ဝဝဝ ဝန်းကျင်ခန့်ဖြင့် ရောင်းချနေပြီး ဆုကြေးအနေဖြင့် စင်ကာပူဒေါ်လာ ၂ ဒသမ ၃ သန်းချီးမြှင့်ကြောင်း သိရသည်။
''စက်ကနေကျတဲ့နံပါတ်ကို ရောင်းတဲ့သူကနေ ဝယ်သူတွေကို ဓာတ်ပုံပဲပြပေးရတယ်။ တကယ်လို့ ပေါက်ခဲ့ရင် သူတို့လက်ထဲမှာ ထီလက်မှတ်အစစ် မရှိဘူး။ အန္တရာယ်များတယ်။ ထီလက်မှတ်မရှိဘဲ တကယ်လို့ပေါက်ခဲ့ရင်ဆိုတဲ့အတွေးကို လူတိုင်းတွေးလာကြတယ်'' ဟု ပြည်ပထီရောင်းချနေသူတဦး ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် အစိုးရက တရားဝင်ခွင့်ပြုထားသောထီဟူ၍ အောင်ဘာလေထီ တမျိုးတည်းသာရှိကြောင်း၊ ပြည်ပထီများသည် သက်ဆိုင်ရာ နိုင်ငံများတွင်သာ တရားဝင်ပြီး မြန်မာနိုင်ငံတွင် ဝယ်ယူရောင်းချခြင်းသည် တရားမဝင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ပြောသည်။
crd-News Watch #Myanmar_Online_News

0 comments:

Post a Comment