Thursday, July 16, 2020

တူရကီနိုင်ငံတွင် ကင်းထောက်လေယာဉ် ပျက်ကျ၍ လူ ၇ ဦး သေဆုံး

တူရကီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ လေယာဉ်တစ်စင်း နိုင်ငံ အရှေ့ပိုင်း အာတို့စ်တောင်ပေါ်မှာ ပျက်ကျခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက ကြာသပတေးနေ့(ဇူလိုင် ၁၆) မှာ ဖော်ပြပါတယ်။
ယင်းလေယာဉ်မှာ လေယာဉ်မှူး ၂ ဦး၊ နည်းပညာတပ်ဖွဲ့ဝင် ၅ ဦး လိုက်ပါခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ ည ၁၀ : ၄၅ နာရီခန့်မှာ အဆက်အသွယ်ပြတ်သွားခဲ့တာဖြစ်ကြောင်းနဲ့ အမြင့်ပေ မီတာ ၂၂၀၀ ခန့်ကနေ ပျက်ကျသွားခဲ့တာဖြစ်ကြောင်း ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
၂၀၁၅ ခုနှစ်ထုတ် မော်ဒယ်ဖြစ်တဲ့ ယင်း လေယာဉ်ဟာ တနင်္လာနေ့ကတည်းက ကာ့ဒ်လူမျိုး အများစုနေထိုင်ရာ Hakkari ပြည်နယ်နဲ့ ဗန်ပြည်နယ်တို့မှာ ကင်းထောင်၊ စစ်ဆေးမှုလုပ်ငန်းတွေ ဆောင်ရွက်နေခဲ့တာဖြစ်တယ်လို့ Anadolu သတင်းက ဖော်ပြပါတယ်။
အီရတ်နိုင်ငံနဲ့ နယ်စပ်မှာတည်ရှိတဲ့ Hakkari ပြည်နယ်ဟာ ဆယ်စုနှစ်များစွာ ကြာနေပြီဖြစ်တဲ့ သူပုန်ထမှုတွေအတွင်း တူရကီတပ်တွေနဲ့ ကာ့ဒ်စစ်သွေးကြွတပ်တွေအကြား မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်နေခဲ့တဲ့ နေရာဖြစ်ပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ ဖြစ်စဉ်ကို အစိုးရက စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ဗန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့ပါတယ်။
crd-အကုန်သိ #Myanmar_Online_News
>>Zawgyi<<

crd-အကုန္သိ #Myanmar_Online_News

0 comments:

Post a Comment