Wednesday, July 22, 2020

အိန္ဒိယသမုဒ္ဒရာမှာ အမေရကန်နဲ့ အိန္ဒိယရေတပ် ဒုတိယအကြိမ်မြောက် ပူးတွဲစစ်ရေးလေ့ကျင့်

တရုတ်နဲ့ တင်းမာမှု မြင့်တက်လာချိန် အိန္ဒိယသမုဒ္ဒရာအတွင်း တနင်္လာနေ့က ဒုတိယအကြိမ်မြောက် အမေရိကန်နဲ့ အိန္ဒိယ ရေတပ် သင်္ဘောတွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာဟာ အမေရိကန်နဲ့ အိန္ဒိယအစိုးကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာတာကို ပြသနေတာပါ။
ဇူလိုင် ၂၀ရက်နေ့က စတင်ခဲ့တဲ့နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနိုင်ငံပိုင် ကပ္ပလီနဲ့ နီကိုဘာကျွန်းတွေအနီးမှာ ပြုလုပ်ခဲ့တာပါ။ အဲဒီနေရာဟာ နိုင်ငံတကာရေကြောင်းသွားလာမှု အများဆုံးနေရာတခုဖြစ်ပြီး မလက္ကာရေလက်ကြား အနီးတဝိုက်မှာဖြစ်ပါတယ်။
အိန္ဒိယရေတပ်ကတော့ ဒီစစ်ရေးလေ့ကျင့်မှုကို “passage”ဆက်ဆံရေးပေါင်းကူး လေ့ကျင့်မှုလို့ အမည်ပေးထားပါတယ်။
USS Nimitz လေယာဉ်တင်သင်္ဘောကြီး နဲ့အတူ အခုလို အိန္ဒိယရေတပ်နဲ့စစ်ရေးပူးတွဲလေ့ကျင့်မှု ဟာ နှစ်နိုင်ငံ ရေတပ်ကြား ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို ပစိဖိတ် ဒေသ အထောက်အပံ့တွေကို ပူးတွဲလုပ်ဆောင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ပြသခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။
အခုလို အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံရေတပ် ပူးတွဲလေ့ကျင့်မှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပထမဆုံးအကြိမ် စတင်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ဆိုပါတယ်။ ဒါအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေကို ဒီနှစ်အကုန်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း Esper ကပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Esper က အင်္ဂါနေ့က ပြောကြားချက်ထဲမှာ အိန္ဒိယနဲ့ တရုတ် ဆက်ဆံရေးကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေပြီး နှစ်ဖက်လုံးက အခြေအနေတွေ ကောင်းမွန်လာဖို့ အရှိန်မြှင့် ကြိုးစားနေတာကို သိရတဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပါတယ်။
>>Zawgyi<<
အိန္ဒိယသမုဒ္ဒရာမှာ အမေရကန် နဲ့ အိန္ဒိယရေတပ် ဒုတိယအကြိမ်မြောက် ပူးတွဲစစ်ရေးလေ့ကျင့်
Wednesday, July 22, 2020
တရုတ်နဲ့ တင်းမာမှု မြင့်တက်လာချိန် အိန္ဒိယ သမုဒ္ဒရာအတွင်း တနင်္လာနေ့က ဒုတိယအကြိမ်မြောက် အမေရိကန်နဲ့ အိန္ဒိယ ရေတပ် သင်္ဘောတွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာဟာ အမေရိကန်နဲ့ အိန္ဒိယ အစိုးကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ကြီးထွားလာတာကို ပြသနေတာပါ။
ဇူလိုင် ၂၀ရက်နေ့က စတင်ခဲ့တဲ့နှစ်နိုင်ငံ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိန္ဒိယနိုင်ငံပိုင် ကပ္ပလီနဲ့ နီကိုဘာကျွန်းတွေအနီးမှာ ပြုလုပ်ခဲ့တာပါ။ အဲဒီနေရာဟာ နိုင်ငံတကာရေကြောင်းသွားလာမှု အများဆုံးနေရာတခုဖြစ်ပြီး မလက္ကာရေလက်ကြား အနီးတဝိုက်မှာဖြစ်ပါတယ်။
အိန္ဒိယရေတပ်ကတော့ ဒီစစ်ရေးလေ့ကျင့်မှုကို “passage”ဆက်ဆံရေးပေါင်းကူး လေ့ကျင့်မှုလို့ အမည်ပေးထားပါတယ်။
USS Nimitz လေယာဉ်တင်သင်္ဘောကြီးနဲ့အတူ အခုလို အိန္ဒိယရေတပ်နဲ့စစ်ရေးပူးတွဲလေ့ကျင့်မှု ဟာ နှစ်နိုင်ငံ ရေတပ်ကြား ပိုမိုခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို ပစိဖိတ် ဒေသ အထောက်အပံ့တွေကို ပူးတွဲလုပ်ဆောင်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ပြသခဲ့တာဖြစ်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Mark Esper က အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။
အခုလို အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံရေတပ် ပူးတွဲလေ့ကျင့်မှုကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပထမဆုံးအကြိမ် စတင်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark Esper က ဆိုပါတယ်။ ဒါအပြင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေကို ဒီနှစ်အကုန်မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း Esper ကပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Esper က အင်္ဂါနေ့က ပြောကြားချက်ထဲမှာ အိန္ဒိယနဲ့ တရုတ် ဆက်ဆံရေးကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေပြီး နှစ်ဖက်လုံးက အခြေအနေတွေ ကောင်းမွန်လာဖို့ အရှိန်မြှင့် ကြိုးစားနေတာကို သိရတဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပါတယ်။

0 comments:

Post a Comment