Thursday, July 23, 2020

(၈) လတာအတွင်း သီတဂူဆရာတော်ကြီးမှ လူမျိုးဘာသာအားလုံးအတွက် ဆန် ၅၁,၈၀၁ တင်း၊ ပဲဆီ ၄၃,၈၃၅ ပိသာ လှူဒါန်းခဲ့

သီတဂူဆရာတော်ကြီးသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွါးသည့် ၂၀၁၉ ဒီဇင်ဘာလမှစတင်၍ အခက်အခဲများ စတင်ဖြစ်ပွါးလာနိုင်သည့် အခြေအနေကို မှန်းမျှော်တွေးဆလျှက် ၈လအတွင်းတွင်
၁။ မူစလင် သက်ကြီးဂေဟာအဖိုးရိပ်သာ (၃၃-ဦး) ရန်ကုန်မြို့ သို့ - ၁၀၀ အိတ်။
၂။ မူစလင် အဖွားများသုခရိပ်သာ (၄၃-ဦး) ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၃။ ကက်သလစ်သီလရှင်များတည်ထောင်သော ဘိုးဘွားရိပ်သာ (၁၉၅-ဦး) ရန်ကုန်မြို့သို့ - ၁၀၀အိတ်။
၄။ ဟိန္ဒူလုမ္ဗနီဘိုးဘွားရိပ်သာ (ထမလုံ) (၅၅-ဦး) သံလျှင်မြို့သို့ - ၁၀၀ အိတ်။
၅။ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၆။ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ - ၁၀၀၀ အိတ်။
၇။ သဘာဝတရားရိပ်သာ၊ (၂၈၃၀-ဦး) သံလျှင်မြို့ သို့ - ၁၀၀၀ အိတ်။
၈။ မေရီချပ်မင်းဆွံ့အနားမကြားကျောင်း၊ ရန်ကုန်မြို့သို့ -၂၅၀ အိတ်။
၉။ အင်းစိန်-ခဝဲခြံမျက်မမြင်ကျောင်း၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၁၀။ ဦးလှထွန်း ကင်ဆာဖေါင်ဒေးရှင်း၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၁၁။ မြင်သာမြို့ဦး ပရဟိတအထက်တန်းကျောင်း၊ (၁၈၆၀-ဦး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ သို့ - ၄၅၀ အိတ်။
၁၂။ ရွှေမင်းသား မသန်မစွမ်းစောင့်ရှောက်ရေးဖေါင်ဒေးရှင်း၊ ရန်ကုန်မြို့သို့ (ပ) ၁၀၀အိတ်+(ဒု)၂၀၀အိတ် = ၃၀၀ အိတ်။
၁၃။ ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ တိုက်ပွဲရှောင်မိသားစုများသို့ - ၁၀၀၀ အိတ်။
၁၄။ ချင်းပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ချင်းအစိုးရအဖွဲ့မှ တဆင့် လှူဒါန်းခြင်း - ၁၀၀၀ အိတ်။
၁၅။ ရခိုင်ပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ရခိုင်အစိုးရအဖွဲ့မှတဆင့် လှူဒါန်းခြင်း - ၁၀၀၀ အိတ် (သီတဂူဆရာတော် ကိုယ်တိုင် ကြွရောက်လှူဒါန်းခြင်း)။
အထက်ပါ (၁၅) နေရာများသို့လည်း ဆန် - ၆,၇၀၀ အိတ်ကို ပေးပို့ လှူဒါန်းခဲ့ပါသည်။
၁၆။ ဘိရှော့ မာကိုတင်ဝင်း မန္တလေးမြို့ ခရိယာန်ချပ်ရှ်ကျောင်းသို့ ၁၆-၄-၂၀၂၀ ရက်နေ့တွင် ဆန်အိတ်-၁၀၀၊ ဆီ-၁၀၀ ပိသာ။
၁၇။ စစ်ကိုင်း၊ မင်းကွန်းမှ ရဟန်း၊ သာမဏေ ၈,၁၀၀ ပါး။ စစ်ကိုင်း၊ မင်းကွန်းမှ သီလရှင် ၆,၀၀၀ ပါး။ စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားရိပ်သာများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာများ၊ မသန်မစွမ်းစောင့်ရှောက်ရေး ဂေဟာများ၊ မျက်မမြင်ကျောင်းများတွင် မှီတင်းနေထိုင်ကြသူများ ၂,၁၅၀ ဦး စုစုပေါင်း - ၁၆,၂၅၀ဦးတို့အတွက် ၁၇-၄-၂၀၂၀ ရက်နေ့တွင် ဆန်-၁၆,၂၅၀ အိတ်၊ ဆီ-၁၆,၂၅၀ ပိသာ ပေးပို့လှူဒါန်းခဲ့ပြီဖြစ်ပါသည်။
၁၈။ မန္တလေးမြို့-၆ မြို့နယ်အတွင်းမှ ပရဟိတကျောင်း ၇၅ ကျောင်းများရှိ သာမဏေ၊ သီလရှင်များ အစရှိသည့် အလှူခံပုဂ္ဂိုလ် ၄,၁၉၂ ဦးတို့​အား (တစ်ပါး/တစ်ဦး) အတွက် ၃၀-၄-၂၀၂၀ ရက်နေ့တွင် ဆန်-၈ပြည်၊ ဆီ-၅၀ကျပ်သား နှုန်းဖြင့် ဆန်-၂,၀၉၆ တင်း၊ ဆီ-၂,၀၉၆ ပိသာတို့ကိုလှူဒါန်းပေးခဲ့ပါသည်။
၁၉။ ရန်ကုန်တိုင်း ၂၉မြို့နယ်မှ သီလရှင် ၂၀၁၃၄ ပါးအတွက် ဆန်-၂၀၁၃၄ တင်း၊ ဆီ-၂၀၁၃၄ ပိသာ တို့ကို ၈-၆-၂၀၂၀ ရက်နေ့တွင်စတင်လှူဒါန်းပေးခဲ့သည်။
၂၀။ ရန်ကုန်တိုင်းအတွင်းမှ သံဃာတော်များသည့် စာသင်တိုက်ကြီး ၁၇ တိုက်တွင် သီတင်းသုံးကြသော သံဃာ-၄၁၅၄ ပါးအတွက် ဆန်-၄၄၁၅ တင်း၊ ဆီ-၄၁၅၄ ပိသာတို့ကို ၁၈-၇-၂၀၂၀ ရက်နေ့တွင် ပေးပို့လှူဒါန်း ခဲ့ပါသည်။
၂၁။ ရန်ကုန်တိုင်းအတွင်းမှ တိပိဋကဓရ တိပိဋကကောဝိဒ သုတဗုဒ္ဓဆရာတော်ဘုရားများ တည်ထောင်တော်မူသော ကျောင်းတိုက် ၁၃ တိုက်တွင် သီတင်းသုံးကြသည့်သံဃာ-၁၀၈၁ ပါးတို့အတွက် ဆွမ်းဆန်တော်-၁၁၀၆ တင်း၊ မြေပဲဆီသန့်-၁၀၈၁ ပိသာတို့ကို (၂၂-၇-၂၀၂၀) ရက်နေ့တွင် ပေးပို့လှူဒါန်းခဲ့ပါသည်။
စုစုပေါင်းဆန် - ၅၁,၈၀၁ တင်း၊
စုစုပေါင်းပဲဆီ - ၄၃,၈၃၅ ပိသာ၊
မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်ပြီး ဆီမှာ အမေထွားပဲဆီသန့် ဖြစ်ပါသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုလှူဒါန်းပေးကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို သီတဂူသာသနာပြုအဖွဲ့မှ ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
crd-သီတဂူသာသနာပြုအဖွဲ့ #Myanmar_Online_News
>>Zawgyi<<
(၈) လတာအတွင်း သီတဂူဆရာတော်ကြီးမှ လူမျိုးဘာသာအားလုံးအတွက် ဆန် ၅၁,၈၀၁ တင်း၊ ပဲဆီ ၄၃,၈၃၅ ပိသာ လှူဒါန်းခဲ့
Thursday, July 23, 2020
သီတဂူဆရာတော်ကြီးသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွါးသည့် ၂၀၁၉ ဒီဇင်ဘာလမှ စတင်၍ အခက်အခဲများ စတင်ဖြစ်ပွါးလာနိုင်သည့် အခြေအနေကို မှန်းမျှော်တွေးဆလျှက် ၈လအတွင်းတွင်
၁။ မူစလင် သက်ကြီးဂေဟာအဖိုးရိပ်သာ (၃၃-ဦး) ရန်ကုန်မြို့ သို့ - ၁၀၀ အိတ်။
၂။ မူစလင် အဖွားများသုခရိပ်သာ (၄၃-ဦး) ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၃။ ကက်သလစ်သီလရှင်များတည်ထောင်သော ဘိုးဘွားရိပ်သာ (၁၉၅-ဦး) ရန်ကုန်မြို့သို့ - ၁၀၀အိတ်။
၄။ ဟိန္ဒူလုမ္ဗနီဘိုးဘွားရိပ်သာ (ထမလုံ) (၅၅-ဦး) သံလျှင်မြို့သို့ - ၁၀၀ အိတ်။
၅။ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၆။ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ ရန်ကုန်မြို့သို့ - ၁၀၀၀ အိတ်။
၇။ သဘာဝတရားရိပ်သာ၊ (၂၈၃၀-ဦး) သံလျှင်မြို့ သို့ - ၁၀၀၀ အိတ်။
၈။ မေရီချပ်မင်းဆွံ့အနားမကြားကျောင်း၊ ရန်ကုန်မြို့သို့ -၂၅၀ အိတ်။
၉။ အင်းစိန်-ခဝဲခြံမျက်မမြင်ကျောင်း၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၁၀။ ဦးလှထွန်း ကင်ဆာဖေါင်ဒေးရှင်း၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့သို့ - ၁၀၀ အိတ်။
၁၁။ မြင်သာမြို့ဦး ပရဟိတအထက်တန်းကျောင်း၊ (၁၈၆၀-ဦး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ သို့ - ၄၅၀ အိတ်။
၁၂။ ရွှေမင်းသား မသန်မစွမ်းစောင့်ရှောက်ရေးဖေါင်ဒေးရှင်း၊ ရန်ကုန်မြို့သို့ (ပ) ၁၀၀အိတ်+(ဒု)၂၀၀အိတ် = ၃၀၀ အိတ်။
၁၃။ ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ တိုက်ပွဲရှောင်မိသားစုများသို့ - ၁၀၀၀ အိတ်။
၁၄။ ချင်းပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ချင်းအစိုးရအဖွဲ့မှ တဆင့် လှူဒါန်းခြင်း - ၁၀၀၀ အိတ်။
၁၅။ ရခိုင်ပြည်နယ်၊ စစ်ဘေးရှောင်စခန်းသို့ ရခိုင်အစိုးရအဖွဲ့မှတဆင့် လှူဒါန်းခြင်း - ၁၀၀၀ အိတ် (သီတဂူဆရာတော် ကိုယ်တိုင် ကြွရောက်လှူဒါန်းခြင်း)။
အထက်ပါ (၁၅) နေရာများသို့လည်း ဆန် - ၆,၇၀၀ အိတ်ကို ပေးပို့ လှူဒါန်းခဲ့ပါသည်။
၁၆။ ဘိရှော့ မာကိုတင်ဝင်း မန္တလေးမြို့ ခရိယာန်ချပ်ရှ်ကျောင်းသို့ ၁၆-၄-၂၀၂၀ ရက်နေ့တွင် ဆန်အိတ်-၁၀၀၊ ဆီ-၁၀၀ ပိသာ။
၁၇။ စစ်ကိုင်း၊ မင်းကွန်းမှ ရဟန်း၊ သာမဏေ ၈,၁၀၀ ပါး။ စစ်ကိုင်း၊ မင်းကွန်းမှ သီလရှင် ၆,၀၀၀ ပါး။ စစ်ကိုင်းတိုင်းအတွင်းရှိ ဘိုးဘွားရိပ်သာများ၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးစောင့်ရှောက်ရေးဂေဟာများ၊ မသန်မစွမ်းစောင့်ရှောက်ရေး ဂေဟာများ၊ မျက်မမြင်ကျောင်းများတွင် မှီတင်းနေထိုင်ကြသူများ ၂,၁၅၀ ဦး စုစုပေါင်း - ၁၆,၂၅၀ဦးတို့အတွက် ၁၇-၄-၂၀၂၀ ရက်နေ့တွင် ဆန်-၁၆,၂၅၀ အိတ်၊ ဆီ-၁၆,၂၅၀ ပိသာ ပေးပို့လှူဒါန်းခဲ့ပြီဖြစ်ပါသည်။
၁၈။ မန္တလေးမြို့-၆ မြို့နယ်အတွင်းမှ ပရဟိတကျောင်း ၇၅ ကျောင်းများရှိ သာမဏေ၊ သီလရှင်များ အစရှိသည့် အလှူခံပုဂ္ဂိုလ် ၄,၁၉၂ ဦးတို့အား (တစ်ပါး/တစ်ဦး) အတွက် ၃၀-၄-၂၀၂၀ ရက်နေ့တွင် ဆန်-၈ပြည်၊ ဆီ-၅၀ကျပ်သား နှုန်းဖြင့် ဆန်-၂,၀၉၆ တင်း၊ ဆီ-၂,၀၉၆ ပိသာတို့ကိုလှူဒါန်းပေးခဲ့ပါသည်။
၁၉။ ရန်ကုန်တိုင်း ၂၉မြို့နယ်မှ သီလရှင် ၂၀၁၃၄ ပါးအတွက် ဆန်-၂၀၁၃၄ တင်း၊ ဆီ-၂၀၁၃၄ ပိသာ တို့ကို ၈-၆-၂၀၂၀ ရက်နေ့တွင်စတင်လှူဒါန်းပေးခဲ့သည်။
၂၀။ ရန်ကုန်တိုင်းအတွင်းမှ သံဃာတော်များသည့် စာသင်တိုက်ကြီး ၁၇ တိုက်တွင် သီတင်းသုံးကြသော သံဃာ-၄၁၅၄ ပါးအတွက် ဆန်-၄၄၁၅ တင်း၊ ဆီ-၄၁၅၄ ပိသာတို့ကို ၁၈-၇-၂၀၂၀ ရက်နေ့တွင် ပေးပို့လှူဒါန်း ခဲ့ပါသည်။
၂၁။ ရန်ကုန်တိုင်းအတွင်းမှ တိပိဋကဓရ တိပိဋကကောဝိဒ သုတဗုဒ္ဓဆရာတော်ဘုရားများ တည်ထောင်တော်မူသော ကျောင်းတိုက် ၁၃ တိုက်တွင် သီတင်းသုံးကြသည့်သံဃာ-၁၀၈၁ ပါးတို့အတွက် ဆွမ်းဆန်တော်-၁၁၀၆ တင်း၊ မြေပဲဆီသန့်-၁၀၈၁ ပိသာတို့ကို (၂၂-၇-၂၀၂၀) ရက်နေ့တွင် ပေးပို့လှူဒါန်းခဲ့ပါသည်။
စုစုပေါင်းဆန် - ၅၁,၈၀၁ တင်း၊
စုစုပေါင်းပဲဆီ - ၄၃,၈၃၅ ပိသာ၊
မှတ်ချက် ။ ။ ဆန်များသည် တစ်တင်း (၁၆-ပြည်) ၇၂ ပေါင် အိတ်များဖြစ်ပြီး ဆီမှာ အမေထွားပဲဆီသန့် ဖြစ်ပါသည်။
သီတဂူဆရာတော်ကြီးနှင့်အတူ ပါဝင်ကုသိုလ်ပြုလှူဒါန်းပေးကြသည့် အလှူရှင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ယူဆောင်ရွက်ပေးကြသူများ၊ စေတနာ့ဝန်ထမ်းများ အားလုံးတို့ကို သီတဂူသာသနာပြုအဖွဲ့မှ ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
crd-သီတဂူသာသနာပြုအဖွဲ့ #Myanmar_Online_News

0 comments:

Post a Comment