Thursday, July 16, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ ၇၀၀၀၀ သောင်းကျော်ရှိနေတဲ့ ဘရာဇီးမှာ ပြည်သူတွေက ကိုဗစ်ရောဂါကိုင်တွယ်ပုံကို မကျေနပ်၍ သမ္မတ နုတ်ထွက်ပေးရေး တောင်းဆို

ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရလို့ Quarantine လုပ်ပြီး သီးခြားခွဲနေရတဲ့ သမ္မတ Jair Bolsonaro နုတ်ထွက်ပေးဖို့ ဘရာဇီးပြည်သူတွေ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
သမ္မတ Bolsonaro ရဲ့ ကိုရိုနာဗိုင်းရပ်ရောဂါဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုကို စိတ်ပျက်နေတဲ့ ဆန္ဒပြသူတွေဟာ ဒီကပ်ရောဂါကြောင့် သေဆုံးထိခိုက်ရသူတွေကို ရည်စူးပြီး သူတို့ကိုယ်စား လက်ဝါးကပ်တိုင်တွေကို မြို့တော် Brasilia က လွှတ်တော်အပြင်မှာ အင်္ဂါနေ့က စိုက်ထူ ဆန္ဒပြခဲ့ကြပြီး အဆိုပါ ဆန္ဒပြသူတွေက သမ္မတကို တရားစွဲဆိုဖို့တောင်းဆိုတဲ့ ပန်ကြားလွှာကို လွှတ်တော်ကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ သက်ရောက်မှုအပေါ် လျှော့ပေါ့ပြောလေ့ရှိတာကြောင့် သမ္မတ Bolsonaro ဟာ ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံနေရတာပါ။ ဌာနေတိုင်းရင်းသား ခေါင်းဆောင် Kretan Kaingang ကလည်း ဒီကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း သေဆုံးခဲ့ရတဲ့ စစ်သူရဲကောင်းတွေကို ဂုဏ်ပြုဖို့ ဆန္ဒပြသူတွေက လိုချင်ကြကြောင်း ပြောပါတယ်။
ဘရာဇီးလ် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူက ၇ သောင်း ၄ ထောင်ကျော် ရှိနေပြီး ဒါဟာ အမေရိကန်နိုင်ငံ ပြီးရင် ဒုတိယအများဆုံး သေဆုံးမှုရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဘရာဇီးလ်မှာ ဒီရောဂါ အကူးစက် ခံရသူက ၂ သန်းနီးပါး ရှိနေပြီဖြစ်ပါတယ်။
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူ ၇၀၀၀၀ သောင်းကျော် ရှိနေတဲ့ ဘရာဇီးမှာ ပြည်သူတွေက ကိုဗစ်ရောဂါ ကိုင်တွယ်ပုံကို မကျေနပ်၍ သမ္မတ နုတ်ထွက်ပေးရေး တောင်းဆို
Thursday, July 16, 2020
ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရလို့ Quarantine လုပ်ပြီး သီးခြားခွဲနေရတဲ့ သမ္မတ Jair Bolsonaro နုတ်ထွက်ပေးဖို့ ဘရာဇီးပြည်သူတွေ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။
သမ္မတ Bolsonaro ရဲ့ ကိုရိုနာဗိုင်းရပ်ရောဂါဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုကို စိတ်ပျက်နေတဲ့ ဆန္ဒပြသူတွေဟာ ဒီကပ်ရောဂါကြောင့် သေဆုံးထိခိုက်ရသူတွေကို ရည်စူးပြီး သူတို့ကိုယ်စား လက်ဝါးကပ်တိုင်တွေကို မြို့တော် Brasilia က လွှတ်တော်အပြင်မှာ အင်္ဂါနေ့က စိုက်ထူ ဆန္ဒပြခဲ့ကြပြီး အဆိုပါ ဆန္ဒပြသူတွေက သမ္မတကို တရားစွဲဆိုဖို့တောင်းဆိုတဲ့ ပန်ကြားလွှာကို လွှတ်တော်ကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ သက်ရောက်မှုအပေါ် လျှော့ပေါ့ပြောလေ့ရှိတာကြောင့် သမ္မတ Bolsonaro ဟာ ကျယ်ကျယ်ပြန့်ပြန့် အဝေဖန်ခံနေရတာပါ။ ဌာနေတိုင်းရင်းသား ခေါင်းဆောင် Kretan Kaingang ကလည်း ဒီကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း သေဆုံးခဲ့ရတဲ့ စစ်သူရဲကောင်းတွေကို ဂုဏ်ပြုဖို့ ဆန္ဒပြသူတွေက လိုချင်ကြကြောင်း ပြောပါတယ်။
ဘရာဇီးလ် နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးရသူက ၇ သောင်း ၄ ထောင်ကျော် ရှိနေပြီး ဒါဟာ အမေရိကန်နိုင်ငံ ပြီးရင် ဒုတိယအများဆုံး သေဆုံးမှုရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဘရာဇီးလ်မှာ ဒီရောဂါ အကူးစက် ခံရသူက ၂ သန်းနီးပါး ရှိနေပြီဖြစ်ပါတယ်။

0 comments:

Post a Comment