Friday, July 17, 2020

မြန်မာနိုင်ငံတွင် တရားဝင်လာရောက်အလုပ်လုပ်ကိုင်နေသော နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား ၁၃ ဦးအား ထိုင်းနိုင်ငံဘက်သို့ပြန်လည်လွှဲပြောင်းပို့ဆောင်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ တရားဝင်လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသော နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ဦး စုစုပေါင်း ၁၃ ဦးတို့ကို ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၀၉:၃၀ နာရီခွဲအချိန်တွင်မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)မှ ပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
နေရပ်ပြန်ထိုင်းနိုင်ငံသား ၁၃ ဦးသည် မြန်မာနိုင်ငံသို့ တရားဝင် လာရောက်အလုပ်လုပ်ကိုင်သူများဖြစ်ပြီး ကိုဗစ်-19ကူးစက်ရောဂါတားဆီးကာကွယ်ထိန်းချုပ်ကာလအတွင်း နေရပ်သို့ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။
နေရပ်ပြန် ထိုင်းနိုင်ငံသား ၁၃ ဦးကို တာချီလိတ်မြို့ လဝကဌာနခွဲ (၆)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့် ဦးဆောင် သည့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် CNCMC ကော်မတီအဖွဲ့က ပြန်လည်ပို့ဆောင် ပေးခဲ့ပြီး ထိုင်းနိုင်ငံမှ တံတား (၂) တာဝန်ခံလဝက ရဲအရာရှိ Pathpon Onnoul ၊ လဝကအရာရှိ Sakhonnawat Luansomwang ၊ကျန်းမာရေးဌာနမှ ဦးစီးအရာရှိ Priawpurin Manopeaw ဦးစီးသည့်အဖွဲ့တို့က ပြန်လည်လက်ခံခဲ့ကြကြောင်း သိရသည်။

0 comments:

Post a Comment