Monday, July 20, 2020

အာဇာနည်(၉)ဦးထဲတွင်ပါဝင်သော မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း အားရည်စူး၍ မိုင်းပွန်ဒေသခံများမှ ဆွမ်းကပ်အလှူဒါနပြုလုပ်

ယနေ့ ဇူလိုင် ၂၀ ရက်သည် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း နတ်ရွာစံခဲ့သည်မှာ ၇၃နှစ် ပြည့်နေ့ဖြစ်ပါတယ်။
အာဇာနည်နေ့အထိမ်းအမှတ် မိုင်းပွန်စော်ဘွားကြီးစဝ်စံထွန်းအားရည်စူးကာ မိုင်းပွန်ဒေသခံလူထုမှ ဆွမ်းကပ်အလှူဒါနကို ယနေ့(ဇူလိုင် ၂၀) တွင် ပြုလုပ်ခဲ့ကြပါတယ်။
လွန်ခဲ့သည့် ၁၉၄၇ ဇူလိုင်လ ၁၉ ရက် တွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းပြုပြည်ပြုကိစ္စရပ်များဆွေးနွေးနေဉ် ဂဠုန် ဦးစောအပေါင်းအပါ တွေ လက်ချက်ဖြင့်လုပ်ကြံခံခဲ့ရပါတယ်။
ထိုစဉ်က စော်ဘွားကြီးစဝ်စံထွန်းသည် ပုခုံးတွင် ဒဏ်ရာ ၂ချက်သာရရှိပြီး အခြေအနေမစိုးရိမ်ရ လူနာအဖြစ်ဆေးရုံတွင်ဆေးကုသမှုခံယူနေဆဲနောက်တစ်နေ့ ဇူလိုင်လ ၂၀ရက် မွန်းတည့် ၁၂ နာရီတွင်ကွယ်လွန်ခဲ့ရပါတယ်။
Photo by Saosanda Lenghan

0 comments:

Post a Comment