Sunday, July 5, 2020

တောင်အာဖရိကနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု စံချိန်တင်မြင့်တက်

တောင်အာဖရိကနိုင်ငံမှာ အခုလ(၄)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသစ် (၁၀၈၅၃)ဦးရှိခဲ့ပြီး စံချိန်တင်မြင့်တက်ခဲ့တယ်လို့ AFP သတင်းမှာဖော်ပြထားပါတယ်။
ဒီပမာဏဟာ တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုစတင်ဖြစ်ပွားခဲ့တဲ့ မတ်လကစပြီး တစ်ရက်အတွင်း ကူးစက်မှုအများဆုံးလည်းဖြစ်ပါတယ်။
တောင်အာဖရိကနိုင်ငံမှာ ဒီဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားတဲ့ စုစုပေါင်းပမာဏဟာလည်း (၁၈၇၉၇၇)ဦး ရှိလာခဲ့ပြီး၊ သေဆုံးသူစုစုပေါင်းကတော့ (၃၀၂၆)ဦး ရှိလာပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးထားပါတယ်။
အာဖရိကတိုက်မှာ စီးပွားရေးအရဖွံ့ဖြိုးမှုအရှိဆုံးဖြစ်တဲ့ တောင်အာဖရိကနိုင်ငံဟာ အခုအခါမှာ အာဖရိကတိုက်နိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု အများဆုံးလည်းဖြစ်နေတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
photo : (REUTERS/Siphiwe Sibeko)
Crd : SkyNet

0 comments:

Post a Comment