Saturday, July 11, 2020

ဒေသခံ ပြည်သူများ၏ဝေဖန်မှုများမြင့်တက်နေသော ရွှေပြည်သာမြို့၌ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်

ရွှေပြည်သာမြို့၌ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် မတူညီကြောင်း ဒေသခံအချို့ ပြောဆိုမှုအပေါ် ဗိုလ်ချုပ်ကို ဘယ်သူမြင်ဖူးလဲဟု တိုင်းလွှတ်တော်အမတ် ဦးရန်အောင်မင်း ပြန်လည်မေးခွန်း ထုတ်လိုက်ပါတယ်။
ရွှေပြည်သာမြို့နယ်၌ ထားရှိမည့် ဗိုလ်ချုပ်ကြေးရုပ်သည် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ ထားရှိသည့် ဗိုလ်ချုပ်ကြေးရုပ်နှင့် ပုံသဏ္ဍန်ကွဲထွက်နေကြောင်း မြို့ခံအချို့က ပြောဆိုကြပါတယ်။
“တူလား၊ မတူလား ကျုပ်လည်းမသိဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို ကျုပ်လည်းမမြင်ဖူးဘူး။ ဗိုလ်ချုပ်အောင်ဆန်း တူမတူဆိုတာကတော့ လူတွေအပြော ပြောနေတာလေ။ မတူဘူးဆိုတာကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူမြင်ဖူးလို့လဲ ကျုပ်ကအဲ့လိုပြောချင်တယ်” တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁)ဦးရန်အောင်မင်း ကပြောသည်။
လက်ရှိအချိန်၌ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့်နေရာကို တိုင်းဒေသကြီးအစိုးရထံ တင်ပြထားသော်လည်း အစိုးရမှ ခွင့်ပြုပေးထားခြင်းမရှိသောကြောင့် မြို့နယ်ခန်းမ၌ ထားရှိထားပါတယ်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်၏ ကုန်ကြစရိတ် စုစုပေါင်း သိန်း ၁၈၀ နီးပါးခန့် ကုန်ကျကြောင်းလည်း ဦးရန်အောင်မင်းကပြောပါတယ်။
Crd : People

0 comments:

Post a Comment