Sunday, July 12, 2020

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ်လမ်းမ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင် တစ်ဦးသေ တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရွာရပ်ကွက်နှင့် ရထားဘူတာ အနီးထဲလမ်းမတွင် မနေကညနေ ၇ နာရီ ဝန်းကျင်တွင် လက်နက်ကိုင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်ဦးသေ တစ်ဦးဒဏ်ရာရ ရှိသောကြောင်းသိရသည်။
သေဆုံးသူမှာ ရွာဟောင်းရပ်ကွက် ဂန္ဒဝင်လမ်းတွင်နေထိုင်သူ ဦးဦးရွှေသာ အသက် ၇၅ နှစ်ထံတွင် ဘယ်ဖက်ရင်အုံတွင် ကျဉ်ထိမှန်ပြီး ပုဏ္ဏားကျွန်းမြို့ ပြည်သူဆေးရုံသို့အသွား လမ်းခုလပ်တွင် သေဆုံးသွားပြီးဦးဒွေးလာ၏ သမီးဖြစ်သူမနန္ဒာဦး အသက် ၁၃ နှစ် တွင်ညာဖက်ခြေမျက်စီးအထက်နားတွင် ကျဉ်ထိသွားကြောင်း မီသားစုဝင်များထံမှသိရသည်။
"ရထားဘူတာအနီးမှာ ကျွန်တော်သမီးလေးဟာသူ သူငယ်ချင်းအိမ်ကိုအသွား သေနတ်သံကြားလို့
နေအိမ်သို့ပြန်ပြေးလာတုန်း ညာဖက်ခြေမျက်စိအထက်နားကို ကျဉ်ထိသွားတာပါ။ ဘယ်သူတွေပစ်တယ်ဆိုတာတော့ပါဘူး " ဟု ဖခင်ဖြစ်သူဦးဒွေးလာကပြောသည်။
သေဆုံးသူ ဦးရွှေသာ ပုဏ္ဏားကျွန်းမြို့ပြည်သူဆေးရုံရင်ခွဲရုံတွင် စစ်ဆေးသွားမည်ဖြစ်ပြီး မသန္တာဦးအရေးပေါ်လူနာအဖြစ် ဆေးကုသခံလိုက်ရကြောင်းမြို့ပေါ်ဒေသခံများမှသိရသည်။
၎င်းဖြစ်စဉ်ကို သေဆုံးသူ ဦးရွှေသာတွင် ဘယ်ဖက်ရင်အုံအောက်ကို လက်နက်ကျည်ထိမှန်သေဆုံးခြင်းဖြစ်ပြီး မနန္ဒာဦးတွင် ညာဖက် ခြေမျက်စီအထက်နားတွင်ကျည်ဖောက်ထွက်ဒဏ်ရာတို့ ရရှိခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က အတည်ပြုပြောကြားသည်။
Ref ; MPA

0 comments:

Post a Comment