Sunday, July 19, 2020

လွိုင်လင်မြို့ မြကန်သာကန်အတွင်း တွေ့ရှိသည့် ဗုံးအဟောင်းတစ်လုံးအား တပ်မတော်မှ ဖယ်ရှားရှင်းလင်း


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့၊ မြကန်သာရေကန်အတွင်း ယနေ့ ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းက မြက်ရှင်းရာမှ ဗုံးဟောင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့နေ ဒေသခံတစ်ဦးက “ရေကန် ရေကျနေတော့ ကန်အစပ်မှာ မြက်ရှင်းရင်းနဲ့ အမြှောက်ဆံအဟောင်း တွေ့တာလို့ သိရပါတယ်” ဟု ပြောဆိုခဲ့သည်။ အဆိုပါဗုံး တွေ့ရှိမှုနှင့် ပတ်သက်၍ အများပြည်သူ အန္တရာယ်မကျရောက်စေ‌ရေးအတွက် တပ်မတော်မှ လာရောက်ဖယ်ရှား ယူဆောင်သွားပြီဖြစ်ကြောင်း သိရသည်။


crd-ကမ္ဘောဇတိုင်း #Myanmar_Online_News
>>Zawgyi<<
လွိုင်လင်မြို့ မြကန်သာကန်အတွင်း တွေ့ရှိသည့် ဗုံးအဟောင်းတစ်လုံးအား တပ်မတော်မှ ဖယ်ရှားရှင်းလင်း
Sunday, July 19, 2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့၊ မြကန်သာရေကန်အတွင်း ယနေ့ ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းက မြက်ရှင်းရာမှ ဗုံးဟောင်း တစ်လုံး တွေ့ရှိခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့နေ ဒေသခံတစ်ဦးက “ရေကန် ရေကျနေတော့ ကန်အစပ်မှာ မြက်ရှင်းရင်းနဲ့ အမြှောက်ဆံအဟောင်း တွေ့တာလို့ သိရပါတယ်” ဟု ပြောဆိုခဲ့သည်။ အဆိုပါဗုံး တွေ့ရှိမှုနှင့် ပတ်သက်၍ အများပြည်သူ အန္တရာယ်မကျရောက်စေ‌ရေးအတွက် တပ်မတော်မှ လာရောက်ဖယ်ရှား ယူဆောင်သွားပြီဖြစ်ကြောင်း သိရသည်။
crd-ကမ္ဘောဇတိုင်း #Myanmar_Online_News

0 comments:

Post a Comment