Saturday, July 11, 2020

ဖိလစ်ပိုင် ရေတပ်၏ ပထမဆုံး ဖရီးဂိတ် စစ်သင်္ဘော တပ်တော်ဝင်ပွဲ အခမ်းအနားကျင်းပ

Covid-19 ကပ်ရောဂါဆိုးကြောင့်အထူးဧည့်သည်တော်အဖြစ် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးနှင့်ဖိလစ်ပိုင်ရေတပ် မှ ဒုတိယဗိုလ် ချုပ်ကြီးဂီအိုဗန်နီ ကာလို ဘာကိုဒို တို့ က ဗီဒီယို မှတဆင့် အဝေးထိန်းစနစ်ဖြင့်သာတက်ရောက်ခဲ့ကြသောဖိလစ် ပိုင်ရေတပ် ၏ဖရီးဂိတ်စစ်သင်္ဘော BRP Jose Rizal (FF-150) အားတပ်တော်ဝင်ပွဲအခမ်းအနားကို ဆူးဘစ်ပင်လယ်အော်ရှိ အလာဗာ ဆိပ်ခံတံတားတွင် ဇူလိုင် ၁၀ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
BRP Jose Rizal သင်္ဘောက ဖိလစ်ပိုင်ရေတပ်အတွက် ပထမဆုံးသော ဖရီးဂိတ်စစ်သင်္ဘောဖြစ်ကာ သင်္ဘောဖျက်ဒုံးကျည် လေးခု၊ တာတိုပစ်ဒုံးကျည်နှစ်ခု၊၇၆ မမ စက်အမြောက်၊ ၃၀ မမ အမြောက်၊၃၂၄ မမ တော်ပီဒိုသုံးစင်းစီပစ်နိုင်သော တော်ပီဒိုပစ်စင်နှစ်ခု တို့ပါဝင်ကာ ရဟတ်ယာဉ်နှစ်စီးဆင်းသက်နိုင်သည်။
အရှည်အားဖြင့်၁၀၇ဒသမ၅မီတာ၊အလေးချိန်တန်ချိန်၂၆၀၀ခန့်ရှိကြောင်းလည်းသိရသည်။
ပုံမှန်အားဖြင့် တစ်နာရီလျှင် ရေမိုင် ၁၅ နော့ (၁၇ ဒသမ ၃ မိုင်)နှုန်းဖြင့်ရေမိုင် ၄,၅၀၀ အထိသွားနိုင်ကာအမြင့်ဆုံးရေမိုင်၂၈နော့(၂၅ဒသမ၈မိုင်)နှုန်းအထိသွားနိုင်ကြောင်းသိရသည်။
တပ်တော်ဝင်အခမ်းအနားကို သင်္ဘော ၏ အမည်တူ ပေးထား သောဒေါက်တာဂျို့စ်ရီဇယ်(Dr Jose Rizal) ၏မွေးနေ့ဖြစ် သော ဇွန်လ ၁၉ ရက်တွင်ကျင်းပရန်မူလကစီစဉ်ထားခဲ့သော် လည်း ဆူးဘစ်ပင်လယ်အော်သို့ သင်္ဘောဇွန်လ ၁၅ ရက်တွင် ရောက်ရှိလာပြီးနောက်သင်္ဘောသား ၆၅ ဦး မှာသီးသန့်ခွဲခြား စောင့်ကြည့်မှု နှစ်ပတ်ခံယူကာ သင်္ဘောသားတစ်ဦးတွင် ကိုဗစ် ၁၉ ဗိုင်းရပ်ပိုးကူးစက်ခံ ထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
သင်္ဘောသားများ သီးသန့်ခွဲခြားစောင့်ကြည့်မှုအပြီးဖရီးဂိတ်သင်္ဘော အားနောက်ဆုံးလက်ခံမှုမပြုမီ အပြီးသတ်စစ်ဆေးမှုကိုပြုလုပ်ခဲ့သည်။
ဖိလစ်ပိုင်ရေတပ် က ဇူလိုင်လ ဒုတိယပတ်အစောပိုင်းတွင် BRP Jose Rizal ဖရီးဂိတ်သင်္ဘော သည် ယခုနှစ်အတွင်းအမေရိကန်ရေတပ်နှင့်နိုင်ငံ ၁၀ နိုင်ငံပူးပေါင်းပြုလုပ်မည့် RIMPAC စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သွားမည်ဟုကြေညာခဲ့သည်။
BRP Jose Rizal ဖရီးဂိတ် ကို တောင်ကိုရီးယား နိုင်ငံ၊ဟွန်ဒိုင်းအကြီးစားစက်မှုလုပ်ငန်းက၂၀၁၉ ခုနှစ် မေလ ၂၃ ရက် တွင်စတင်တည်ဆောက်ခဲ့ပြီး ၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ၌ ကိုရီးယားရေပြင်တွင်ပင်လယ်ပြင်စမ်းသပ်မောင်းနှင်မှုပြုခဲ့ကာ၂၀၂၀ခုနှစ်မေလ၁၈ရက်ကပေးပို့ခဲ့သည်။
ဖိလစ်ပိုင်နှင့်ဟွန်ဒိုင်းကုမ္ပဏီအကြား အသေးစားဖရီးဂိတ်စစ် သင်္ဘောနှစ်စီး ဆောက်လုပ်ပေးရန် သဘောတူစာချုပ်ကို ၂၀၁၆ ခုနှစ်၊အောက်တိုဘာလက လက်မှတ်ထိုးခဲ့ကြခြင်းဖြစ်ပြီး ၊ သဘောတူစာချုပ်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁၁ သန်းဖြစ်ကြောင်း နှင့် လက်နက်စနစ်များအတွက် မပါဝင်ကြောင်းသိရသည်။
ဖိလစ်ပိုင်ရေတပ်ကဟွန်ဒိုင်းထံမှစာချုပ်အရဒုတိယဖရီးဂိတ်သင်္ဘောကိုလည်းလက်ခံရရှိသွားမည်ဖြစ်သည်။
အမေရိကန်ထံမှလွှဲပြောင်းရရှိသည့်သက်တမ်း ကြာမြင့်ကာခေတ်မမီတော့သည့် အစောင့်သင်္ဘောနှင့် ကင်းလှည့်သင်္ဘော များဖြင့်သာဖွဲ့စည်းထားရသော ဖိလစ်ပိုင်ရေတပ် အတွက် ဤ ဖရီးဂိတ်စစ်သဘောၤနှစ်စီး မှာယူ အင်အားဖြည့် ရန်ကြိုးပမ်းမှုကရေတပ်အတွက် ခေတ်နောက် ကျနေမှု အခက်အခဲများကိုကျော်လွှားနိုင်မည့် သမိုင်းဝင် ဆောင်ရွက်ချက် တစ်ရပ်လည်းဖြစ် သည်။
ဖိလစ်ပိုင်အနေဖြင့် ဒုတိယကမ္ဘာစစ်လက်ကျန်အမေရိကန်စစ်သင်္ဘောအများစုပါဝင်သော ၎င်း၏ရေတပ်ကို ခေတ်မီတိုးတက်စေ ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Crd : TheFifthWave
Ref----- navalnews

0 comments:

Post a Comment