Tuesday, July 7, 2020

မကွေးရှိ နှမ်းစိုက်ခင်းအချို့တွင် ကျိုင်းကောင်များကျရောက်၍ ဒေသခံများ စိုးရိမ်

မကွေးမြို့နယ် ၊ ကြာကန်ကျေးရွာအုပ်စု၊ ကျူချောင်းကျေးရွာက နှမ်းစိုက်ခင်းတွေမှာ ကျိုင်းကောင်တွေကျရောက်ပြီး လက်ရှိအချိန်အထိ နှမ်းစိုက်ခင်း (၇) ခင်းခန့်ကို ကူးစက်ကိုက်ဖြတ်ခံထားရမှုရှိနေ၍ ဒေသခံတောင်သူတွေ စိုးရိမ်မှုရှိနေပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကတော့ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။
ကွင်းဆင်းစစ်ဆေးမှု တွေ့ရှိတာတွေနဲ့ ပတ်သက်ပြီး မကွေးမြို့နယ်စိုက်ပျိုးရေးဦးဌာန မြိုနယ်ဦးစီးမှူး ဦးခိုင်မင်းက “ဒီလိုအနေအထားမျိုးမှာ တောင်သူတွေအနေနဲ့ စိုးရိမ်တကြီးနဲ့ ပိုးသတ်ဆေးတွေ ဖျန်းမယ်ဆိုရင်တော့ ပိုက်ဆံ တွေကုန်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ မလိုလားအပ်ပဲ ပိုးသတ်ဆေးမဖျန်းဖို့၊ လိုအပ်တဲ့ အကူအညီ တွေရှိရင် စိုက်ပျိုးရေးဌာနနဲ့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်ပေးဖို့ ပြောလိုပါတယ်။ ဒါကလည်း ရာသီဥတု အပြောင်းအလဲနဲ့ ဒီကာလမှာ ကျတဲ့နေရာလေးမှာသာ များများစားစားတွေ့ရတာဖြစ်ပြီးတော့ အချိန်တန်ရင် သူ့ဟာနဲ့သူ ပျောက်သွားမှာလည်း ဖြစ်သလို၊ နောက်တစ်ခုကတော့ ကန္တာရကျိုင်းမဟုတ်တဲ့အကြောင်းကိုလည်း ပြောချင်ပါတယ်”လို့ ပြောပါတယ်။
အခုကျရောက်တဲ့ ကျိုင်းကောင်တွေဟာ ဒေသမျိုးရင်းကျွန်းပင်တွေကို အဓိကစားသုံးတဲ့အကောင်တွေ ဖြစ်ပြီး ဒေသအခေါ် ဓားခုတ်ခေါင်အဝါကြားလေးတွေပါ။ လတ်တလောအခြေအနေအထိတော့ ဒီကျိုင်းကောင်တွေကျရောက်မှုကို မနှိမ်နှင်းနိုင်သေးပါဘူး။ စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့တော့ တောင်သူတွေနဲ့လက်တွဲပြီး ဘယ်လိုကာကွယ်နှိမ်နှင်းရမယ်ဆိုတာတွေကို နည်းလမ်းပေး လုပ်ဆောင်သွားမယ်လို့ မကွေးမြို့နယ် စိုက်ပျိုးရေးဌာန ဦးစီးမှူး ဦးခိုင်မင်းက ပြောပါတယ်။
မကွေးမြို့နယ်မှာ နှမ်းစိုက်ဧက (၁၀) သိန်းဝန်ကျင်အထိရှိပါတယ်။
crd-One News Myanmar #Myanmar_Online_News
>>Zawgyi<<
မကွေးရှိ နှမ်းစိုက်ခင်းအချို့တွင် ကျိုင်းကောင်များကျရောက်၍ ဒေသခံများ စိုးရိမ်
Tuesday, July 7, 2020
မကွေးမြို့နယ် ၊ ကြာကန်ကျေးရွာအုပ်စု၊ ကျူချောင်းကျေးရွာက နှမ်းစိုက်ခင်းတွေမှာ ကျိုင်းကောင်တွေကျ ရောက်ပြီး လက်ရှိအချိန်အထိ နှမ်းစိုက်ခင်း (၇) ခင်းခန့်ကို ကူးစက်ကိုက်ဖြတ်ခံထားရမှုရှိနေ၍ ဒေသခံတောင်သူတွေ စိုးရိမ်မှုရှိနေပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကတော့ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။
ကွင်းဆင်းစစ်ဆေးမှု တွေ့ရှိတာတွေနဲ့ ပတ်သက်ပြီး မကွေးမြို့နယ်စိုက်ပျိုးရေးဦးဌာန မြိုနယ်ဦးစီးမှူး ဦးခိုင်မင်းက “ဒီလိုအနေအထားမျိုးမှာ တောင်သူတွေအနေနဲ့ စိုးရိမ်တကြီးနဲ့ ပိုးသတ်ဆေးတွေ ဖျန်းမယ်ဆိုရင်တော့ ပိုက်ဆံ တွေကုန်မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ မလိုလားအပ်ပဲ ပိုးသတ်ဆေးမဖျန်းဖို့၊ လိုအပ်တဲ့ အကူအညီ တွေရှိရင် စိုက်ပျိုးရေးဌာနနဲ့ ဆက်သွယ်ပြီးတော့ ဆောင်ရွက်ပေးဖို့ ပြောလိုပါတယ်။ ဒါကလည်း ရာသီဥတု အပြောင်းအလဲနဲ့ ဒီကာလမှာ ကျတဲ့နေရာလေးမှာသာ များများစားစားတွေ့ရတာဖြစ်ပြီးတော့ အချိန်တန်ရင် သူ့ဟာနဲ့သူ ပျောက်သွားမှာလည်း ဖြစ်သလို၊ နောက်တစ်ခုကတော့ ကန္တာရကျိုင်းမဟုတ်တဲ့အကြောင်းကိုလည်း ပြောချင်ပါတယ်”လို့ ပြောပါတယ်။
အခုကျရောက်တဲ့ ကျိုင်းကောင်တွေဟာ ဒေသမျိုးရင်းကျွန်းပင်တွေကို အဓိကစားသုံးတဲ့အကောင်တွေ ဖြစ်ပြီး ဒေသအခေါ် ဓားခုတ်ခေါင်အဝါကြားလေးတွေပါ။ လတ်တလောအခြေအနေအထိတော့ ဒီကျိုင်းကောင်တွေကျရောက်မှုကို မနှိမ်နှင်းနိုင်သေးပါဘူး။ စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့တော့ တောင်သူတွေနဲ့လက်တွဲပြီး ဘယ်လိုကာကွယ်နှိမ်နှင်းရမယ်ဆိုတာတွေကို နည်းလမ်းပေး လုပ်ဆောင်သွားမယ်လို့ မကွေးမြို့နယ် စိုက်ပျိုးရေးဌာန ဦးစီးမှူး ဦးခိုင်မင်းက ပြောပါတယ်။
မကွေးမြို့နယ်မှာ နှမ်းစိုက်ဧက (၁၀) သိန်းဝန်ကျင်အထိရှိပါတယ်။
crd-One News Myanmar #Myanmar_Online_News

0 comments:

Post a Comment