Tuesday, July 21, 2020

အမေရိကန်၊ တက္ကဆက်ပြည်နယ်တွင် အသက် ၁ နှစ်အောက် ကလေး ၈၅ ယောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိ

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်တောင်ပိုင်း ကလေးဆေးရုံတစ်ခုမှာ မတ်လနောက်ပိုင်း အသက်တစ်နှစ်အောက် ကလေးငယ် ၈၅ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရတယ်လို့ ဒေသ NBC သတင်းဌာနမှာ ဖော်ပြပါတယ်။
တက္ကဆက်ဟာ ကိုရိုနာဗိုင်းရပ်စ် ဆတိုးကူးစက်နေတဲ့ အမေရိကန်ပြည်နယ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ တက္ကဆက်ပြည်နယ်မှာ ၅ ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်သူ ၁၀၀၀၀ ကျော်ခဲ့ပြီးနောက် ဇူလိုင် ၁၉ ရက်မှာတော့ အသစ်ကူးစက်သူ ၇,၃၀၀ ရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃ ဒသမ ၇ သန်းကျော် သေဆုံးသူ ၁၄၀,၀၀၀ ကျော်နဲ့ ကမ္ဘာမှာ ဦးဆောင်နေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
>>Zawgyi<<

0 comments:

Post a Comment