Friday, July 10, 2020

တပ်မတော်သည် ပြည်သူ့တာဝန်များကို ထမ်းဆောင်ရန် အပြည့်အဝတာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆို

တပ်မတော်သည် ပြည်သူ၏အစိတ်အပိုင်းအဖြစ် ခံယူသောကြောင့် ပြည်သူ့တာဝန်များကို ထမ်းဆောင်ရန် အပြည့်အဝတာဝန်ရှိကြောင်းနှင့် ပြည်သူအသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးမယ်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့၌ ဇူလိုင် ၁၀ ရက်နေ့တွင် ကျင်းပသည့် သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့ အဖွဲ့အတွက် COVID-19 ကာလ စားသောက်ရေးအဆင်ပြေရန် ဆန်၊ ဆီ၊ ဆား၊ ပဲပေးအပ်လှူဒါန်းခြင်းအခမ်း အနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“COVID-19 ကာလမှာ ဆေးဖြန်းတဲ့လုပ်ငန်းကို ကျွန်တော် အင်တိုက်အားတိုက်လုပ်ခိုင်းတယ်။ ဘယ်နေရာမှ မကျန်စေနဲ့။ ဒါကအတိုင်းအတာတစ်ခုအထိ အထောက်အကူရလည်း ဒါမဆိုးဘူးလေ။ နောက်ပြီး ကျွန်တော်တို့ တပ်မတော်ခံယူတာပေါ့။ တပ်မတော်သည် ပြည်သူရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ပြည်သူတာဝန်တွေကို ဆောင်ရွက်ဖို့ တာဝန်အပြည့်အဝရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ရဲ့ တာဝန်က ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့လေ။ ရန်သူနဲ့ တိုက်လို့ထိခိုက်တာတော့ ကျွန်တော်တို့ မတတ်နိုင်ဘူး ပေါ့။ သို့သော် ပြည်သူအသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ကတော့ အပြည့်အဝ ကာကွယ်ပေး မယ်’’ ဟု ၎င်းကပြောသည်။
“ကျွန်တော်တို့တိုင်းပြည်ဟာ ဖွံဖြိုးဆဲနိုင်ငံဖြစ်လို့ လိုအပ်ချက်အတိုင်းအတာတစ်ခုထိရှိတယ်။ ဒါကို အခုလို ကာလမှာ တပ်မတော်က လုပ်ပေးနိုင်တဲ့အတွက် ဂုဏ်ယူတယ်၊ ဝမ်းသာတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကပြောသည်။
COVID-19 ကာလအတွင်း တပ်မတော်အနေဖြင့် ကူညီနိုင်သည့်အခြေအနေများကို စဉ်းစားပြီး အရာရှိများ လစာအလှူငွေဖြင့် ကနဦး ဆေးဝါးများ၊ ရောဂါကာကွယ်ရေးပစ္စည်းများဝယ်ယူခဲ့ကြောင်း၊ ၎င်းနောက်စားနပ် ရိက္ခာများ ဝယ်ယူကာလှူဒါန်းမှုများပြုလုပ်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆိုသည်။
crd-PeopleMedia #Myanmar_Online_News
>>Zawgyi<<
တပ်မတော်သည် ပြည်သူ့တာဝန်များကို ထမ်းဆောင်ရန် အပြည့်အဝတာဝန်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆို
Friday, July 10, 2020
တပ်မတော်သည် ပြည်သူ၏အစိတ်အပိုင်းအဖြစ် ခံယူသောကြောင့် ပြည်သူ့တာဝန်များကို ထမ်းဆောင်ရန် အပြည့်အဝတာဝန်ရှိကြောင်းနှင့် ပြည်သူအသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးမယ် ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့၌ ဇူလိုင် ၁၀ ရက်နေ့တွင် ကျင်းပသည့် သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့ အဖွဲ့အတွက် COVID-19 ကာလ စားသောက်ရေးအဆင်ပြေရန် ဆန်၊ ဆီ၊ ဆား၊ ပဲပေးအပ်လှူဒါန်းခြင်းအခမ်း အနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“COVID-19 ကာလမှာ ဆေးဖြန်းတဲ့လုပ်ငန်းကို ကျွန်တော် အင်တိုက်အားတိုက်လုပ်ခိုင်းတယ်။ ဘယ်နေရာမှ မကျန်စေနဲ့။ ဒါကအတိုင်းအတာတစ်ခုအထိ အထောက်အကူရလည်း ဒါမဆိုးဘူးလေ။ နောက်ပြီး ကျွန်တော်တို့ တပ်မတော်ခံယူတာပေါ့။ တပ်မတော်သည် ပြည်သူရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ ပြည်သူတာဝန်တွေကို ဆောင်ရွက်ဖို့ တာဝန်အပြည့်အဝရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ရဲ့ တာဝန်က ပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့လေ။ ရန်သူနဲ့ တိုက်လို့ထိခိုက်တာတော့ ကျွန်တော်တို့ မတတ်နိုင်ဘူး ပေါ့။ သို့သော် ပြည်သူအသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ကတော့ အပြည့်အဝ ကာကွယ်ပေး မယ်’’ ဟု ၎င်းကပြောသည်။
“ကျွန်တော်တို့တိုင်းပြည်ဟာ ဖွံဖြိုးဆဲနိုင်ငံဖြစ်လို့ လိုအပ်ချက်အတိုင်းအတာတစ်ခုထိရှိတယ်။ ဒါကို အခုလို ကာလမှာ တပ်မတော်က လုပ်ပေးနိုင်တဲ့အတွက် ဂုဏ်ယူတယ်၊ ဝမ်းသာတယ်’’ ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကပြောသည်။
COVID-19 ကာလအတွင်း တပ်မတော်အနေဖြင့် ကူညီနိုင်သည့်အခြေအနေများကို စဉ်းစားပြီး အရာရှိများ လစာအလှူငွေဖြင့် ကနဦး ဆေးဝါးများ၊ ရောဂါကာကွယ်ရေးပစ္စည်းများဝယ်ယူခဲ့ကြောင်း၊ ၎င်းနောက်စားနပ် ရိက္ခာများ ဝယ်ယူကာလှူဒါန်းမှုများပြုလုပ်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကဆိုသည်။
crd-PeopleMedia #Myanmar_Online_News

0 comments:

Post a Comment