Wednesday, July 15, 2020

မိတ္ထီလာမှာ အိပ်ပျော်နေတဲ့ ရဲတွေဆီက ခိုးခံလိုက်ရတဲ့ သေနတ်ကို ပြန်ရှာတွေ့ပြီ

မိတ္ထီလာမြို့မရဲစခန်း၊ ဓမ္မာရုံထဲမှာ အိပ်ပျော်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီကနေ ခိုးယူခံရတဲ့သေနတ်နဲ့ ဖုန်း (၆) လုံးကို ဇူလိုင်လ(၁၄)ရက်၊ ည(၁၁)နာရီဝန်းကျင်က သိမ်းဆည်းရမိထားပြီလို့ မိထ္ထီလာမြို့မရဲစခန်းက သိရပါတယ်။
အဲဒီသေနတ်နဲ့ ဖုန်းတွေကိုမိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်ကွက်က ဘုန်းမြင့်နိုင်(ခ)ကိုဘုန်းရဲ့ နေအိမ်မှာရှာတွေ့ခဲ့ တာလို့ သိရပါတယ်။"တွေ့တာဟုတ်တယ်။ အခုကျွန်တော်အလုပ်ရှုပ်နေလို့ နောက်မှဖုန်းပြန်ဆက်ပါ။"လို့ မိထ္ထီလာမြို့မရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဝင်းက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ အဲဒီအိမ်ကိုသွားရောက်စစ်ဆေးတဲ့အချိန် ဘုန်းမြင့်နိုင်ကို မတွေ့ခဲ့ရပေမဲ့ မိခင်ဖြစ်သူကိုတွေ့ခဲ့ပြီး သားဖြစ်သူ အပ်ထားတဲ့သေနတ်ကို ယူဆောင်ခဲ့ပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘုန်းမြင့်နိုင်(ခ)ကိုဘုန်း(၂၂)နှစ်ကို ရှာဖွေဖမ်းဆီးချိန် ရန်မျိုးအောင်ရပ်ကွက် (၅)လမ်းမှာ သိန်းပြည့်စုံ(ခ)ငသိန်း(၁၉)နှစ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မိတ္ထီလာမြို့မရဲစခန်းဝင်းထဲက ဓမ္မာရုံမှာအိပ်ပျော်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီကနေ ဖုန်း(၆)လုံးနဲ့ သေနတ်(၁) လက် ဇွန်လ(၉)ရက်နေ့က ခိုးယူခံခဲ့ရတာဖြစ်ပြီး လက်နက်မှု၊ ခိုးမှုတွေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
Ref ; O Media

0 comments:

Post a Comment