Wednesday, July 15, 2020

နန်းမားနယ်မြေရဲစခန်းအချုပ်ရှိ အချုပ်ခန်းကို ဖောက်ပြီး ထွက်ပြေးသောတရားခံတစ်ဦး ပြန်လည်ဖမ်းဆီးရမိ

ကချင်ပြည်နယ် မိုးညှင်းမြိ့ုနယ် နန်းမားနယ်မြေရဲစခန်းတွင် မြိ့ုနယ်တရားရုံးမှ ပထမအကြိမ် ချုပ်ရမန်ရယူပြီးနန်းမားနယ်မြေရဲစခန်းတွင်ချုပ်နှောင်ထားသောအချုပ်သားတစ်ဦး အချုပ်ခန်းဖေါက်ကာထွက်ပြေးသဖြင့် အချိန်နှင့်တပြေးညီပြန်လည်ဖမ်းဆီးနှိုင်ခဲ့ကြသည်။
ဖြစ်စဉ်မှာ နန်းမားနယ်မြေရဲစခန်း၏(ပ)၁၄/၂၀၂ဝပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့်ဖမ်းဆီးထားသော ဇော်ဦး(၃၁)နှစ်(ဘ)ဦးသန်းဦး ၅/ကသန(နိုင်) ၁၀၈၆၁၈ ပတ္တမြားရပ်ကွက် ကသာမြိ့ု စစ်ကိုင်းတိုင်းဒေသကြီးနေထိုင်သူအား မိုးညှင်းမြိ့ုနယ်တရားရုံးတွင်ချုပ်ရမန်ရယူပြီး ဇူလိုင်လ(၁၃)ရက်နေ ့မှ(၂၇)ရက်နေ ့အထိ နန်းမားနယ်မြေရဲစခန်းအချုပ်တွင်ချုပ်ခွင့်ရရှိထားခဲ့သည်။
နန်းမားနယ်မြေရဲစခန်းမှူးရဲအုပ်စိုးသိန်းသည် ဇူလိုင်လ(၁၄)ရက်နေ ့မွန်းလွဲ(၁၂)နာရီခွဲအချိန်တွင်အချုပ်ခန်းအားစစ်ဆေးရာ အချုပ်ကျနေသာ ဇော်ဦး မှာအချုပ်ခန်းအတွင်းမတွေ ့ရှိရသဖြင့် စစ်ဆေးမှုပြုခဲ့ရာ ဇော်ဦးသည်ဆွေးမြေ့နေသောအချုပ်ခန်းအပေါ်သစ်သားတန်းမှဖေါက်ထွက်ပြီး မျက်နှာအတွင်းမှတဆင့် စခန်းရုံးခန်းရှိ မျက်နှာကျက် လူတက်ပေါက်မှဆင်းကာထွက်ပြေးလွတ်မြောက်သွားသည်ကိုစစ်ဆေးတွေ ့ရှိရသည်။
ထို ့နောက် နန်းမားနယ်မြေရဲစခန်းမှူး ရဲအုပ်စိုးသိန်းနှင့်အဖွဲ ့ ဒုရဲအုပ်မျိုးကျော်နှင့်အဖွဲ ့ ဒုရဲအုပ်သက်နိုင်စိုးနှင့်အဖွဲ ့တို ့(၃)ဖွဲ ့ခွဲကာတရားခံဇော်ဦးထွက်ပြေးနှိုင်မည့်လမ်းကြောင်းများသို ့လိုက်လံရှာဖွေကြပြီးတရားခံလွတ်မြောက်မှုမရှိစေရန်အတွက် နီးစပ်ရာရဲစခန်းများနှင့်ရဲကင်းစခန်းများသို ့သတင်းပို ့အကြောင်းကြားအကူအညီတောင်းခံခဲ့ကြသည်။
ထို သို ့လိုက်လံရှာဖွေစဉ် ရဲအုပ်စိုးသိန်းနှင့်အဖွဲ ့သည် နန်းမားဒေသ မြေရွာဟောင်းမှတဆင့် နန် ့စွန်းတောင်ခြေဘက်သို ့လှည့်လည်ရှာဖွေရာအမှုဖြင့်အလိုရှိနေသော ဇော်ဦး အားလမ်းလျောက်သွားနေစဉ်ပြန်လည်ဖမ်းဆီးရမိခဲ့သဖြင့် ဇော်ဦးအား မိုးညှင်းမြိ့ုမရဲစခန်း အချုပ်ခန်းတွင် ချုပ်နှောင်ထားခဲ့ကြောင်းသိရှိရပေသည်။
သတင်း - ဦးခင်မောင်ဦး(မိုးညှင်း)(အလင်းမြေ)

0 comments:

Post a Comment