Wednesday, July 15, 2020

မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၌ လောင်းကစားပြုလုပ်နေသူများအား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပတ္တမြားမယ်ဓာတ်ဆီဆိုင်အနီးရှိ သုံးထပ်အဆောက်အဦ (ဒေသအခေါ် ဘောင်တီးကာစီနိုရုံ)အားဇူလိုင် ၁၄ ရက်တွင် ဝင်ရောက်ရှာဖွေရာ လောင်းကစားပြုလုပ်နေသူများဖြစ်သည့် မြန်မာနိုင်ငံသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၅ ဦးနှင့် တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးတို့အား လောင်းကစားပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးချက်အရ ကာစီနိုရုံနှင့် အဆောက်အဦပိုင်ရှင်မှာ ကျွန်းတော(၃) ရပ်ကွက်၊ မြဝတီမြို့နေသူ စောရှမ်းလေးဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများ၊ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်နိုင်ရေး မြဝတီမြို့မရဲစခန်းသို့ အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment