Friday, July 24, 2020

အမေရိကန်နှင့်ဗြိတိန်က ရုရှားကို အာကာသထဲတွင် ဂြိုဟ်တုများအားပစ်ခတ်ရန် လက်နက်စမ်းသပ်နေသည်ဟုစွပ်စွဲ

ရုရှားက ပတ်လမ်းထဲက ဂြိုဟ်တုတွေကိုပစ်ခတ်နိုင်တဲ့ ကျည်ဖူးအလားတူလက်နက်တစ်မျိုးကို စမ်းသပ်နေတယ်လို့ အမေရိကန်နဲ့ဗြိတိန်က စွပ်စွဲပြောဆိုလိုက်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးကတော့ ရုရှားရဲ့အာကာသထဲက ပစ္စည်းကိရိယာတွေကိုစစ်ဆေးဖို့ နည်းပညာသစ်ကိုအသုံးပြုနေတာလို့ ဆိုခဲ့ပါတယ်။
အာကာသထဲက ရုရှားရဲ့လှုပ်ရှားမှုအသစ်တွေကို အမေရိကန်က သတိပေးခဲ့ဖူးပေမယ့် ဗြိတိန်ကတော့ ပထမဆုံးအကြိမ်အဖြစ် ရုရှားဟာ အာကာသထဲမှာ လက်နက်စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲလိုက်တာဖြစ်ပါတယ်။
အာကာသထဲမှာ အတူတကွငြိမ်းချမ်းစွာ စူးစမ်းလေ့လာမှုတွေလုပ်ဆောင်ကြဖို့ အာကာသသဘောတူညီချက်တစ်ရပ်မှာ ပါဝင်ကတိပြုထားတဲ့နိုင်ငံပေါင်း ၁၀၀ ကျော်ထဲမှာ ရုရှား၊ ဗြိတိန်၊ အမေရိကန်နဲ့ တရုတ်လည်း အပါအဝင်ဖြစ်ပါတယ်။
ဒီသဘောတူညီချက်အရ ပတ်လမ်း သို့မဟုတ် အာကာသထဲမှာ လက်နက်ထားရှိခွင့်မရှိဘူးလို့ သိရပါတယ်။
Ref ; Pyi Myanmar

0 comments:

Post a Comment