Monday, July 6, 2020

ကျွန်းကလေးရဲကင်းရှိ ရဲတပ်ကြပ်မှ လူမှုကူညီရေးအသင်းမှတာဝန်ရှိသူအား မူးယစ်ပြီး စော်ကားသည်ဟုဆိုကာ တိုင်ကြား

ဇူလိုင် လ ၅ ရက်နေ့ ညနေ ၃ နာရီခန်ကလက်ပံတန်းမြို့မရဲစခန်းအပိုင် ကျွန်းကလေးရဲကင်းရှိ ရဲတပ်ကြပ်မှ လက်ပံတန်းလူမှုကယ်ဆယ်ရေးအသင်းဒုက္ကဌအား အရက်မှုးပြီးစော်ကားသည်ဟူဆိုကာ ခရိုင်ရဲမှုးနှင့်မြို့နယ်ရဲမှုးတို့အားတိုင်ကြားခြင်းဖြစ်သည်။
ငါ့ကိုယ်ပိုင်နံပါတ်က ဘယ်လောက်၊ခိုင်းနှိုင်းဆဲပြီး သတိထားဘယ်ကောင်မှ စောက်ဂရုမစိုက်ဘူးဟုပြောဆိုကာ ကွမ်းယာဆိုင်အများရှေ့တွင် အရက်မူးပြီး ဆဲဆိုကြိမ်းမောင်းခဲ့သည်ဟု လက်ပံတန်းလူမှုကယ်ဆယ်ရေးအသင်း ဒုက္ကဌ ကိုနိူင်(ခ)‌ဇော်မျိုးနိူင်မှပြောကြားသည်။
ကျွန်းကလေးမီးပွိုင့်မှာမီးနီ ၂၃ ကိုပြသနေသောကြောင့် ရပ်တန့် ထားရာ ရဲတပ်ကြပ် ရခိုင်တာဝန်ချိန်တွင် အရပ်ဝတ်ဖြင့် အမူးလွန်ကာ ရန်လိုသောအမူအရာဖြင့် ပြေးလာရာ အနောက်ဘက်မှ ရဲတပ်သားတစ်ဦးမှ
ဟန့်တားခဲ့ကြောင်း ယင်းနောက်မီးစိမ်း အချက်ပြသည့်အတွက် ဆက်လက်မောင်းထွက်လာပြီး ပို့ဆောင်ရန်ရှိသော လူနာအား ဆေးဝါးကုသနိုင်ရန် ကူညီမှု့ ပေးခဲ့ပြီး မြို့နယ် ရဲတပ်ဖွဲ့မှူးခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့ထံ ဖုန်း ဖြင့်သော်လည်းကောင်း လူကိုယ်တိုင်သက်သေ အခိုင်အမာနှင့်တိုင်ကြားခဲ့သည်ဟု ၎င်းကဆိုသည်။
လက်ပံတန်းကျွန်းကလေးရဲကင်းမှ တာဝန်ရဲတပ်ကြပ် ရခိုင်ဆိုသူ၏ တာဝန်ချိန်တွင် မူးရစ်ရမ်းကားပြောဆိုမှုကိုကိစ္စခရိုင် တိုင်းရဲချုပ်အဆင့်ဆင့်တိုင်ကြားသွားမည်ဟု ကိုနိုင် ပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီးလက်ပံတန်းရဲစခန်းသို့ဆက်သွယ်မေးမြန်ရာပြန်လည်ဖြေကြားခြင်းမပြုပါ။
Ref ; Bago Weekly Journal

0 comments:

Post a Comment