Saturday, July 18, 2020

မိတ္ထီလာမြို့မရဲစခန်းဓမ္မာရုံအတွင်းမှ ခြောက်လုံးပြူးသေနတ်နှင့် ဖုန်းများကို အဓိက ဝင်ခိုးသည့်တရားခံ၂ဦးအား ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိ

မိတ္ထီလာမြို့မရဲစခန်းမှ (ပ)၂၈၅/၂၀၂၀ ။ ၁၉၄၉ လက်နက် (အရေးပေါ်ယာယီပြစ်ဒဏ်) အက်ဥပဒေပုဒ်မ ၂ -(၁) (က)။ရဇသတ်ကြီးပုဒ် (ပ) ၂၈၅/ ၂၀၂၀ ၃၈၀အမှုမှ ထွက်ပြေးတိမ်ရှောင်နေသည့် အဓိက တရားခံများထဲမှ ကောက်ကွေး(ခ) ပြည့်စုံ(ခ) ကောင်းခန့် (ခ) ဝင်းထွန်း (အင်္ကျီအနီရောင်နဲ့လူ) အသက် ၁၉နှစ် (ဘ)ဦးစိုးပိုင် (မှတ်ပုံတင်မရှိ)မွတ်ဆလင်/အစ္စလမ် အောင်ဇေယျာ နယ်မြေ (၆) မိတ္ထီလာမြို့နေသူအား နေပြည်တော် နှင်းဆီအဝိုင်းတွင်ရောက်ရှိနေကြောင်းသတင်းအရ ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ နာရီတွင် ထီလာခရိုင်(မှု/နှိမ်) မှ ဒုရဲအုပ် ရန်နိုင်ထွန်းဦးစီး (၁+၄)ယဉ်မောင်းအပါအဝင် သက်သေများအတူ သွားရောက်စုံစမ်းပြီးဖမ်းဆီးဖို့စောင့်နေစဉ် ၎င်းတရားခံအား နှင်းဆီအဝိုင်းအနီးရှိ မဟာရန်ကုန် လက္ဘက်ရည်ဆိုင်အတွင်းတွေ့ရှိဖမ်းဆီးရမိပြီးတရားခံ ဒွေး(ခ) ဒွေးမ(ခ)ထွန်းဦး (အင်္ကျီတုံးလုံးနဲ့လူ)အသက်၂၃ နှစ်(ဘ)ဦးပေါ(မှတ်ပုံတင်မမှတ်မိ)ဗမာ/ဗုဒ္ဓနယ်မြေ (၁၆) ဝန်ဇင်းရပ်ကွက် မိတ္ထီလာနေအိမ်တွင် ထီလာခရိုင်(မှု/နှိမ်)မှ ဒုရဲအုပ် ဇင်နိုင်ထွေး(၁+၇)ဝင်ရောက်ဖမ်းဆီးရမိပြီး ဥပဒေအရအရေးယူနိုင်ရေး ရဲလုပ်ငန်းစဉ်အတိုင်း ထီလာခရိုင်(မှု/နှိမ်)တာဝန်ခံရဲအုပ်အောင်ကျော်မိုး နှင့်အဖွဲ့မှ ဆက်လက်စစ်ဆေးလျှက်ရှိကြောင်းသိရှိရပါသည်။

Crd : Khin Ko Latt #Myanmar_Online_News

0 comments:

Post a Comment