Thursday, July 16, 2020

ရေမဆေးကျောက်ရှာဖွေသူ တစ်ဦး ရေစီးနှင့်အတူ မျှောပါသေဆုံး

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ဇူလိုင်လ ၁၅ ရက်၊ နံနက်ပိုင်းက ရေမဆေးကျောက်ရှာဖွေသူ ရပ်ကွက်(၇) ဆိုင်းအောင်ကျေးရွာ ဆိပ်မူကျေးရွာအုပ်စု ဖားကန့်မြို့နယ် နေသူ ကိုယုမောင်(ခ) ပလောင်၊ (၂၃)နှစ်၊ (ဘ) ဦးတင်ဦးသည် ရေစီးနှင့်အတူ မျှောပါသေဆုံးခဲ့ကြောင်း ဖားကန့် မြို့မရဲစခန်းမှ သိရသည်။
အခင်းဖြစ်ပွားရာသို့ တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြရာ သေဆုံးသူသည် ယင်းနေ့ နံနက် ၁၀နာရီခန့်တွင် ဆိပ်မူကျေးရွာ အုပ်စု၊ နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းပဒေသာ ကုမ္ပဏီလုပ်ကွက် အနီး မြေစာပုံဟောင်း ရေစီးချောင်း (ဒေသအခေါ်မျှောချောင်း) တွင် ရေစီးအတူမျှောပါကာ ဝဲဘက်နောက်စေ့ဖူးရောင်ဒဏ်ရာ၊ ယာဘက် ကျောကုန်း ပွန်းပဲဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား တာဝန်ရှိသူများက ဆိပ်မူ လူမှုကူညီရေးအသင်း အကူအညီဖြင့် ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
>>Zawgyi<<

0 comments:

Post a Comment