Monday, July 27, 2020

ချန်ဒူးမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးပိတ်ရန် တရုတ် အမိန့်ပေးထားပြီး ကောင်စစ်ဝန်ရုံးရှေ့တွင် လုံခြုံရေးတင်းကြပ်ထား

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူးမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ တရုတ်အစိုးရက ဇူလိုင်လ ၂၄ ရက်မှာ အမိန့်ပေးလိုက်ပါတယ်။
အမေရိကန်အစိုးရက တက္ကဆပ်ပြည်နယ် ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် စီချွမ်ပြည်နယ် ချန်တုရှိ အမေရိကန်ကောင်စစ်ဝန်ရုံးကိုလည်း ၇၂ နာရီအတွင်း ပိတ်သိမ်းရန် တရုတ်အစိုးရက ညွှန်ကြားခဲ့ပြီး ယခုရုံးပိတ်ရက်များတွင် အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်ဘက်၌ တရုတ်ရဲတပ်ဖွဲ့ဝင်များစွာကို တွေ့ရှိခဲ့ရသည်။
တရုတ်နိုင်ငံ ချန်ဒူးမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးအပြင်မှာ ဇူလိုင် ၂၆ ရက်က လုံခြုံရေး တင်းကြပ်ထားပါတယ်။အမေရိကန်နိုင်ငံ ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို အမေရိကန်အစိုးရက ပိတ်ခိုင်းအပြီး လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်အစိုးရက ချန်ဒူးမြို့က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပြန်ပိတ်ခိုင်းခဲ့တာပါ။
ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီး ၂ နိုင်ငံကြား သံတမန်ဆက်ဆံရေးက ပိုပြီး သိသိသာသာ ယိုယွင်းလာနေပါတယ်။
အမေရိကန်နိုင်ငံ ဟူစတန်မြို့က တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ဖို့ အမေရိကန် အစိုးရက ရုတ်တရက် အမိန့်ပေးပြီး ရက်ပိုင်းအကြာမှာ တရုတ်အစိုးရက အခုလို တုံ့ပြန်လိုက်တာပါ။
“ ချန်ဒူးမြို့က အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး တည်ထောင် လုပ်ကိုင်ခွင့်ကို ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံခြားရေးဌာနက အမေရိကန်သံရုံးကို အကြောင်းကြားခဲ့တယ်” လို့ နိုင်ငံပိုင် စီစီတီဗွီသတင်းက ကြေညာပါတယ်။
ဒါ့အပြင် အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံးရဲ့ လုပ်ငန်းဆောင်တာ အားလုံး ရပ်ပစ်ရေးနဲ့ ပတ်သက်လို့ လိုအပ်ချက် အသေးစိတ်ကို တရုတ်နိုင်ငံခြားရေးဌာနက ညွှန်ကြားထားတယ်လို့လည်း စီစီတီဗွီက ထုတ်လွှင့်ပါတယ်။

0 comments:

Post a Comment