Friday, July 17, 2020

မလေးရှားမှ ခိုးဝင်လာသည့် မြန်မာ၁၂ ဦးနှင့် ယာဉ်မောင်းနှစ်ဦးအား ဘုတ်ပြင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးတွေ့ရှိ

COVID-19 ကာလ၌ မလေးရှားနိုင်ငံမှ တရားမဝင် ပြန်လည်ခိုးဝင်လာသည့် မြန်မာအလုပ်သမား ၁၂ ဦးနှင့် ယာဉ်မောင်းနှစ်ဦးတို့ကို ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်(၂)တွင် စစ်ဆေး တွေ့ရှိခဲ့သည်ဟု အဆိုပါမြို့ရှိ တာဝန်ရှိသူများထံမှ သိရသည်။
ဇူလိုင် ၁၄ ရက်က ဘုတ်ပြင်းမြို့နယ် COVID-19 ထိန်းချုပ် ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''သူတို့ ဇူလိုင် ၁၃ ရက်က ကော့သောင်းမြို့ ရွှေမြန်မာ ခရီးသည်တင် ကားနဲ့ တိတ်တဆိတ် ထွက်သွားတာဖြစ်တယ်။
အခုလို တရားမဝင် ခိုးဝင်လာတယ်ဆိုတဲ့ သတင်းကြားလို့ သက်ဆိုင်ရာ ဂိတ်တွေကို အကြောင်းကြားပြီး ပိတ်ဆို့ထားရာမှ အခုလိုစစ်ဆေးတွေ့ရှိတာဖြစ်တယ်''ဟု ပြောသည်။
လက်ရှိမှာ အဆိုပါ တရားမဝင်ခိုးဝင်လာသည့် မြန်မာအလုပ်သမား ၁၂ ဦးနှင့် ယာဉ်မောင်းနှစ်ဦး စုစုပေါင်း ၁၄ ဦးကို လက်ရှိအချိန်တွင် အသွားအလာ ကန့်သတ်ထားကာ ဘုတ်ပြင်းမြို့နယ်ရှိ အားကစားခန်းမ Quarantine Center တွင် ၂၁ ရက် ထိန်းသိမ်းထားကြောင်း သိရသည်။
Crd : မြန်မာတိုင်းမ်

0 comments:

Post a Comment