Sunday, July 19, 2020

အိန္ဒိယတွင် လူ ၃ သန်းနီးပါး ရေဘေးသင့်ခဲ့ပြီး သေဆုံးသူ ၇၉ ဦးအထိ မြင့်တက်လာ

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် ရေဘေးကြောင့် ကျေးရွာပေါင်း ၂၆၇၈ ရွာ ရေဘေးသင့်ခဲ့ပြီး လူ ၇၉ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ (ASDMA) က ပြောကြားခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်အတွင်း ဗြမ္မပုတ္တရမြစ်ရေက စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး စုစုပေါင်း ခရိုင် ၂၆ ခု ၊ ပြည်သူ ၂၇၆၃၇၁၉ ဦးနှင့် သီးနှံစိုက်ခင်း ၁၁၆၄၀၄ ဟက်တာကျော် ရေဘေးသင့်ခဲ့ကြောင်း ASDMA က ထုတ်ပြန်သည့် ရေဘေးအစီရင်ခံစာတစ်ခုက ဖော်ပြခဲ့သည်။
အစိုးရက ရေဘေးရှောင်စခန်း ၆၄၉ ခု ဖွင့်လှစ်ခဲ့ပြီး ရေဘေးရှောင်ပြည်သူ ၄၇၄၆၅ ဦးသို့ အကူအညီများ ပေးနေကြောင်း၊ လှေ ၁၈၁ ဦး ပေးပို့ခဲ့ပြီး ၅၁၁ ဦးကို ဘေးလွတ်ရာပြောင်းရွှေ့ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
ရေကြီးရေလျှံမှုများကြောင့် အာသံပြည်နယ်၊ ဂိုလာဂတ်ခရိုင်ရှိ ကာဇီရန်ဂါ အမျိုးသားဥယျာဉ်၌ တိရစ္ဆာန် ၉၆ ကောင် သေဆုံးခဲ့သည်ဟု ပြည်နယ်အစိုးရက ပြောကြားခဲ့သည်။

crd-People Media #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment