Wednesday, July 15, 2020

ကယားပြည်နယ်တွင် ညမထွက်ရအမိန့်ကို ၂ လ ထပ်မံတိုးမြှင့်

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားတာကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် ကယားပြည်နယ် အတွင်းထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ၂ လတိတိ ထပ်မံတိုးမြှင့်လိုက်ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး အသီးသီးက လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။
မေလ ၁၅ ရက်နေ့ကစပြီး ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီထုတ်ပြန်ချက်ကို ဖြေလျှော့ခြင်းမပြုဘဲ ဆက်လက်ထားရှိမှာဖြစ်ကြောင်း ဒီအမိန့်စာကို လိုက်နာရန် ပျက် ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမယ်လို့ မြို့နယ်အသီးသီးက ထုတ်ပြန်ထားပါတယ်။
ည ၁၂ နာရီမှ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်စာ ထုတ်ပြန်တဲ့ရက်မှ ၂ လ အတည်ဖြစ်ကြောင်းလည်း ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်လုံးရဲ့ အုပ်ချုပ်ရေးမှူးအသီးသီးက ထုတ်ပြန်ထားပါတယ်။
Ref ; Popolay

0 comments:

Post a Comment