Monday, July 6, 2020

ပညာရေးဝန်ထမ်းများအား ငွေကြေး၊ လက်ဆောင်ပစ္စည်းမပေးရန် ဝန်ကြီးဌာန မေတ္တာရပ်ခံ

ကျောင်းအုပ်၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအား ငွေကြေး၊ လက်ဆောင်ပစ္စည်းများမပေးရန် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်ရာ မိဘ၊ အုပ်ထိန်းသူ၊ပြည်သူသို့ အသိပေးချက်တွင် ပညာရေးဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။"
၀၂၀-၂၁ ပညာသင်နှစ်အ ခြေခံပညာ အထက်တန်းအဆင့် အတန်းများ ဖြစ်သည့် သင်ရိုးသစ် ဒသမတန်း Grade-10(ယခင် ပညာသင်နှစ်က အဋ္ဌမတန်း-Grade 9 တက်ရောက်အောင်မြင် ခဲ့သူများ တက်ရမည်)နှင့် သင်ရိုးဟောင်း ဒသမတန်း Grade-11 (ယခင်ပညာသင်နှစ်က နဝမ တန်း Grade-10 တက်ရောက် အောင်မြင်ခဲ့သူများ တက်ရမည်)တို့၏ ကျောင်းအပ်နှံရေးသီတင်း ပတ်ကို ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားသည်။
ထိုအတန်းနှစ်တန်းကို ဇူ လိုင် ၂၁ ရက်တွင် ကျောင်းစတင် ဖွင့်လှစ်မည်ဖြစ်သည်။ COVID-19 ကြောင့် ယခင်နှစ်များကဲ့သို့ အခြေခံပညာအတန်းအား လုံးကို တစ်ပြိုင်တည်း ကျောင်း အပ်လက်ခံမည်မဟုတ်ဘဲ အထက်တန်းအဆင့် အတန်းနှစ်တန်းကို ဦးစွာကျောင်းအပ်လက်ခံမည်ဖြစ်သည်။
ကျောင်းအပ်နှံရာတွင် လူစု လူဝေးမဖြစ်စေရန် ကျောင်းတစ် ကျောင်းချင်းအလိုက် စီမံဆောင် ရွက်မည့်အစီ အစဉ်ကိုလည်း အခြေခံပညာကျောင်းများက အခြေခံပညာဦးစီးဌာနသို့ တင်ပြရန် ဇွန် လ ၃၀ ရက်က ညွှန်ကြားထားသည်။ ကျောင်းသားဦးရေများလာခြင်း၊ ကျောင်းအပ်နှံနှုန်း မြင့်မားလာခြင်း၊ ထပ်ကျော့ ကျောင်းအပ်နှံခြင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကို လုံလောက်စွာ ဖြန့်ဝေပေးလိုခြင်းတို့ကြောင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေတွင်သာ ကျောင်းအပ်နှံကြရန် ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအနေဖြင့် ငွေကြေး၊ လက်ဆောင်ပစ္စည်းများကို ပညာရေး ဝန်ထမ်းများအား ပေးအပ်ခြင်းမပြုရန်နှင့် ပညာရေးဝန်ထမ်းများ ကလည်း မည်သည့် အခကြေး ငွေမျှ ကောက်ခံခြင်းမပြုရန်၊ ငွေကြေး၊ လက်ဆောင်ပစ္စည်း လက်ခံခြင်းမပြုရန်၊ ကျောင်းဝတ်စုံအတွက် အတန်းတံဆိပ်နှင့် ကျောင်းတံဆိပ်များ ရောင်းချခြင်းမပြုရန်၊ အခြား မည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ၊ အရာထမ်း၊ အမှုထမ်းများကိုလည်း ညွှန်ကြားထားသည်။
‘‘မိဘတွေကလည်း မပေးဖို့လိုတယ်။ ပေးရကမ်းရတာရှိရင်လည်း အချိန်မရွေးတိုင်လို့ရ တယ်။ တိုင်တာနဲ့ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးပြီး ဝန်ထမ်းမှာအပြစ်ရှိရင် တစ်ခါတည်း အရေးယူမှာ’’ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ကျောင်းအပ်နှံရေး ကိစ္စများနှင့့် ပတ်သက်၍ ပြောကြားထားသည်။အခြေခံပညာကျောင်းများ တွင် အခကြေးငွေကောက်ခံခြင်း၊ ပစ္စည်း ရောင်းချခြင်းများရှိပါက ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ ရုံးအမှတ်(၁၃)နေပြည်တော် (သို့မဟုတ်) dpsoffice@moe.edu.mm သို့ တိုင်ကြားနိုင်သည်ဟု ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ အသိပေးချက်တွင် ကြေ ညာထားသည်။
ယခုပညာသင်နှစ်အတွက် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေး ကိရိယာနှင့် စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေးငွေမှ မကောက်ခံကြောင်းလည်း ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။
Ref ; 7Day

0 comments:

Post a Comment