Saturday, July 25, 2020

ကံမမြို့မှာ ဝက်တွေသေဆုံးမှုမြင့်တက်၍ ဌာနဆိုင်ရာတို့နဲ့ တာဝန်ရှိသူတွေ လုပ်ကိုင်ကူညီပေးစေလိုတယ်ဟု ဒေသခံများ ဆို

မကွေးတိုင်း၊ ကံမမြို့မှာ ဝက်တွေဖျားနာပြီး သေဆုံးမှုမြင့်တက်နေပြီး ဒီလိုသေဆုံးရတာဟာ ဗိုင်းရပ်စ်ပိုးတမျိုးကြောင့် အခုလိုသေဆုံးနေကြရတာလို့ စွပ်စွဲပြောဆိုနေကြတဲ့အပြင် တမြို့နယ်လုံး ကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေကြပြီး ဌာနဆိုင်ရာတို့နဲ့ တာဝန်ရှိသူတွေ လုပ်ကိုင်ကူညီပေးစေလိုတယ်ဟု ဒေသခံမွေးမြူရေးသမားတွေက ပြောပါတယ်။
”ကျနော်တို့ မွေးမြူရေးသမားတွေကို ဘာမှပံ့ပိုးကူညီထားတာမရှိဘူး၊ အခုရောဂါက ဗိုင်းရပ်စ်ဖြစ်တယ်၊ အစိုးရနဲ့ ဌာနဆိုင်ရာတို့နဲ့ တာဝန်ရှိသူတွေ လုပ်ကိုင်ပေးမှ ကူညီမှရမှာ မွေးမြူရေးသမားတွေက လေ့လာထားတဲ့အရာနဲ့ ရောဂါမဖြစ်အောင် ကာကွယ်နေရတာ၊ ဒေသအစုံက ဝက်ကားတွေ ဥဒဟိုဝင်ထွက်နေတာ ဘယ်လိုတွေစည်းကမ်းသတ်မှတ်ထားလဲ မသိရဘူး။ ကျနော်တို့က ဖြစ်စဉ်အတိအကျလေ့လာပြီးမှပြောတာ ရင်ခွဲစစ်ဆေးချက်အရ သရက်ရွက်ကြီးပြီး ရှည်နေတယ်၊ တချို့ကမသိဘူး သေတယ်၊ချက်စားတယ်၊ အဲ့ဒီကနေပျံ့တယ်၊ ဒါကို ဌာနအနေနဲ့ ထိန်းချုပ်မှု့မရှိဘူး။ ရွာစဉ်လှည့်ကုတဲ့ တိကုဆရာတွေဆီက ရောဂါပါလာမှာစိုးတယ်။ အပြင်ရွာတွေအတွက် ဘာမှလုပ်နေတာ မတွေ့ရသလို မှတ်ပုံတင်ထားတဲ့ မွေးမြူရေးလုပ်ငန်းသမား လက်ချိုးရေလို့ရတယ်။ ဘယ်လိုမှတ်ပုံတင်ရမလဲဆိုတာတောင် သိတဲ့သူနဲတယ်၊ တခါတလေ တင်ခွင့်မရတဲ့သူတွေရှိတယ် ဘယ်လိုကြောင့်တော့မသိဘူး”လို့ ဝက်မွေးမြူရေးသမား ကိုကျော်ထက်ပိုင်ကပြောပါတယ်။
အခုလိုဝက်တွေသေဆုံးနေတာနဲ့ ပတ်သက်ပြီး ကံမမြို့နယ် တိမွေးကုဦးစီးအရာရှိ ဒေါက်တာကျော်မင်းလှိုင်ပြောပြတာက ”ဒီမှာတော့ လာရောက်အကြောင်းကြားတာ မရှိသေးဘူး၊ ရွာတွေမှာ ဟောပြောပွဲလုပ်ပေးတယ်၊ တိရစ္ဆာန်ကု ကျန်းမာရေးလုပ်သားတွေဆီက သတင်းရယူစုဆောင်းတယ်၊ အာဖရိက ဝက်အပြင်းဖျားနဲ့ပတ်သက်လို့ ရုံးရှေ့နဲ့စျေးရှေ့မှာ သတိထားဖို့ ဆိုင်းဘုတ်တွေစိုက်ထူထားတယ်။ အာဖရိက ဝက်အပြင်းဖျားလို့ပြောရအောင်လဲ ဓာတ်ခွဲနမူနာပို့စစ်ဆေးပြီးမှ အတည်ပြုရမှာ ကျနော်တို့ဆီမှာ ဓာတ်ခွဲခန်းမရှိဘူး၊ ကာကွယ်ဆေးနဲ့ပတ်သက်လို့က ဝက်ဝမ်းကျတဲ့ ကာကွယ်ဆေး ထိုးပေးပါတယ်”လို့ ပြောပါတယ်။
ဝက်မွေးမြူရေးလုပ်သက် (၁၄)နှစ်ခန့်ရှိနေတဲ့ ကိုကျော်ထက်ပိုင်ရဲ့ ဝက်အကောင်(၂၀)ထဲက (၅)ကောင်သေဆုံးခဲ့ပြီး ရင်ခွဲစစ်ဆေးရာမှာ သရက်ရွက်ကြီး ရှည်နေတာဟာ ဗိုင်းရပ်စ်ရဲ့ လက္ခဏာအဖြစ်တွေ့ရပြီး ကံမမြို့ပေါ်မှာ ဝက်အကောင်(၁၀၀)နီးပါး သေဆုံးနေပြီလို့ သိရပါတယ်။
>>Zawgyi<<

0 comments:

Post a Comment