Monday, July 13, 2020

တောင်အာဖရိကတွင် ကိုဗစ်-၁၉ လူနာများလာ၍ ညမထွက်ရအမိန့် ပြန်ထုတ်ပြီး အရက်ရောင်းချမှုကို ပိတ်ပင်မည်

တောင်အာဖရိကနိုင်ငံ ဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာတွေ များလာတာကို လျှော့ချဖို့ အရက်ရောင်းချမှုကို ပြန်ပိတ်ပင်တော့မှာဖြစ်ပြီး ညမထွက်ရအမိန့် ကာဖျူးကိုလည်း ပြန်ချမှတ်သွားဖို့ရှိတယ်လို့ သမ္မတ ရာမာဖိုဆာက ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။
တောင်အာဖရိကဟာ မတ်လကုန်ပိုင်းမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှု လော့ဒေါင်းချခဲ့တာပါ။ စီးပွားရေးပြန်ဖွင့်ဖို့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးချိန်ကစပြီး ကူးစက်မှု ပိုများလာပါတယ်။
အရက်နဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရမှုတွေကို ဆေးရုံတွေ၊ ဆေးခန်းတွေမှာ လက်မခံနိုင်တော့ဘူးလို့ သမ္မတ ရာမာဖိုဆာက ပြောပါတယ်။ ညမထွက်ရအမိန့်ကိုတော့ ဇူလိုင် ၁၃ ကစလို့ ည ၉ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်မှာပါ။
တောင်အာဖရိကဟာ ကိုဗစ်-၁၉ အတည်ပြုလူနာစာရင်းမှာ အာဖရိကတတိုက်လုံးမှာ အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။
>>Zawgyi<<
တောင်အာဖရိကတွင် ကိုဗစ်-၁၉ လူနာ များလာ၍ ညမထွက်ရအမိန့် ပြန်ထုတ်ပြီး အရက်ရောင်းချမှုကို ပိတ်ပင်မည်
Monday, July 13, 2020
တောင်အာဖရိကနိုင်ငံ ဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာတွေ များလာတာကို လျှော့ချဖို့ အရက်ရောင်းချမှုကို ပြန်ပိတ်ပင်တော့မှာဖြစ်ပြီး ညမထွက်ရအမိန့် ကာဖျူးကိုလည်း ပြန်ချမှတ်သွားဖို့ရှိတယ်လို့ သမ္မတ ရာမာဖိုဆာက ဇူလိုင် ၁၂ ရက်မှာ ပြောပါတယ်။
တောင်အာဖရိကဟာ မတ်လကုန်ပိုင်းမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှု လော့ဒေါင်းချခဲ့တာပါ။ စီးပွားရေးပြန်ဖွင့်ဖို့ ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးချိန်ကစပြီး ကူးစက်မှု ပိုများလာပါတယ်။
အရက်နဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရမှုတွေကို ဆေးရုံတွေ၊ ဆေးခန်းတွေမှာ လက်မခံနိုင်တော့ဘူးလို့ သမ္မတ ရာမာဖိုဆာက ပြောပါတယ်။ ညမထွက်ရအမိန့်ကိုတော့ ဇူလိုင် ၁၃ ကစလို့ ည ၉ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်မှာပါ။
တောင်အာဖရိကဟာ ကိုဗစ်-၁၉ အတည်ပြုလူနာစာရင်းမှာ အာဖရိကတတိုက်လုံးမှာ အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

0 comments:

Post a Comment