Sunday, July 19, 2020

မင်းတပ်မြို့ရှိ စိုက်ခင်းအချို့တွင် ကျရောက်နေသော ပိုးကောင်များအား စစ်ဆေးပေးရန် တောင်သူများ တောင်းဆို


ချင်းပြည်နယ် မင်းတပ်မြို့နယ် ဘောင်ကျေးရွာရှိ သီးနှံစိုက်ခင်းများတွင် ဇူလိုင်လ ဒုတိယပတ်ကစ၍ နှံ ကောင်ကဲ့သို့ ပိုးများကျရောက်နေ၍ စိုက်ပျိုးရေး ဆိုင်ရာကျွမ်းကျင်သူများ လာ ရောက်စစ်ဆေးပေးရန် ဒေသခံတောင်သူလယ်သမားများက တောင်းဆိုခဲ့ကြောင်း သိရသည်။
‘‘ပိုးကောင်တွေက တော်တော်များတယ်။ ဘယ်လိုနှိမ်နင်း ရမလဲမသိတော့ စိတ်ပူနေရ တယ်’’ဟု ဘောင်ကျေးရွာမှ တောင်သူ ဦးသာ‌အောင်က ပြော သည်။ ယင်းနှံ‌ကောင်ကို ကန္တာရ ကျိုင်းကောင်ဟုယူဆကာ ဒေသ ခံများကစိုးရိမ်နေသည်။ ‌
ဒေသခံ များက ပေးပို့သော ပိုးကောင် ဓာတ်ပုံကို စိုက်ပျိုးရေးဦးစီးဌာန ထံ 7Day နေ့စဉ်သတင်းစာက ထပ်ဆင့်ပေးပို့မေးမြန်းရာ မျက် မြင်အနေအထားအရ ကန္တာရကျိုင်းကောင် မဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာ ကွယ်ရေးဌာနခွဲ ပိုးမွှားဗေဒဌာနစု လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်မာလာမြင့်က ‌ပြောသည်။
မင်းတပ်မြို့တွင် ကျရောက် နေ‌သော ပိုးကောင်များမှာ တိုင်း ဒေသကြီးနှင့် ပြည်နယ်ချို့တွင် လတ်တ‌လော ကျ‌ရောက်နေသော ကော်ဖီနှံ‌ကောင် (သို့မဟုတ်)အဝါရောင်အစက်အပြောက် နှံ ကောင်ဟုခေါ်သော ပိုးတစ်မျိုး ဖြစ်နိုင်သည်ဟု စိုက်ပျိုးရေးဦးစီး ဌာနက ကနဦးသုံးသပ်ထားသည်။
ကော်ဖီနှံ‌ကောင်သည် စစ် ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့၊ ရခိုင်ပြည်နယ် သံတွဲမြို့၊ ကချင် ပြည်နယ် ဗန်းမော်မြို့၊ ကရင်ပြည် နယ် ကြာအင်းဆိပ်ကြီးမြို့၊ ဧရာ ဝတီတိုင်းဒေသကြီး ရေကြည်မြို့ နှင့် မကွေးတိုင်းဒေသကြီး မကွေး မြို့မှ စိုက်ခင်းအချို့တွင် ကျ ရောက်နေ၍ တောင်သူများအား ပညာပေးရေး ဆောင်ရွက်နေ သည်ဟု စိုက်ပျိုးရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကော်ဖီနှံကောင်သည် မြန် မာနိုင်ငံတွင် ယခင်ကတည်းကရှိ သည့် မျိုးစိတ်ဖြစ်ပြီး ကျွန်းနှင့် အုန်းပင်များတွင် အဓိကကျ ရောက်‌ကြောင်း၊ ရာသီဥတု‌ ပြောင်းလဲမှု‌ကြောင့် ထွက်ပေါ် လာဖွယ်ရှိပြီး လက်ရှိအ‌ခြေအ နေအထိ ရာသီကုန်သီးနှံများကို စားသောက်ခြင်း မရှိသေးသော် လည်း ပမာဏများလာမည်ကို ကြိုတင်သတိပြုကာကွယ်ရန် လို ကြောင်း တိုက်တွန်းထားသည်။
စိုးရိမ်မှုလွန်ပြီး ပိုးသတ် ဆေး အလွန်အကျွံမသုံးစွဲရန် လည်း သတိပေးထားသည်။ ကော်ဖီနှံ‌ကောင်ကို တမာ၊ ကြက်သွန်ဖြူ၊ ဆေးရွက်ကြီးတို့ဖြင့် ပြုလုပ်ထားသော သဘာဝပိုးသတ်ဆေးဖြင့် နှိမ်နင်းနိုင်သည်ဟု စိုက်ပျိုးရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
တောင်သူလယ်သမားများ အနေဖြင့် မိမိတို့စိုက်ခင်းအတွင်း ကော်ဖီနှံ‌ကောင် ကျရောက်ခြင်း ရှိ၊ မရှိ သတိပြုစောင့်ကြည့်ရန်နှင့် တွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာန က တာဝန်ရှိသူများထံ သတင်း ပေးပို့ရန် ဒေါက်တာခင်ခင်မာ လာမြင့်က တိုက်တွန်းသည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံ အတွက် အထူးသတိထားစောင့် ကြည့်ရမည့် သီးနှံဖျက်ပိုးအဖြစ် ကန္တာရကျိုင်းကောင်ဟုခေါ်သော ပိုးမျိုးစိတ်ကို သတိပေးထား သည်။
crd-7daynews #Myanmar_Online_News
>>Zawgyi<<
မင်းတပ်မြို့ရှိ စိုက်ခင်းအချို့တွင် ကျရောက်နေသော ပိုးကောင်များအား စစ်ဆေးပေးရန် တောင်သူများ တောင်းဆို
Sunday, July 19, 2020
ချင်းပြည်နယ် မင်းတပ်မြို့နယ် ဘောင် ကျေးရွာရှိ သီးနှံစိုက်ခင်းများတွင် ဇူလိုင်လ ဒုတိယပတ်ကစ၍ နှံ ကောင်ကဲ့သို့ ပိုးများကျရောက်နေ၍ စိုက်ပျိုးရေး ဆိုင်ရာကျွမ်းကျင်သူများ လာ ရောက်စစ်ဆေးပေးရန် ဒေသခံ တောင်သူ လယ်သမားများက တောင်းဆိုခဲ့ကြောင်း သိရသည်။
‘‘ပိုးကောင်တွေက တော် တော်များတယ်။ ဘယ်လိုနှိမ်နင်း ရမလဲမသိတော့ စိတ်ပူနေရ တယ်’’ဟု ဘောင်ကျေးရွာမှ တောင်သူ ဦးသာ‌အောင်က ပြော သည်။ ယင်းနှံ‌ကောင်ကို ကန္တာရ ကျိုင်းကောင်ဟုယူဆကာ ဒေသ ခံများကစိုးရိမ်နေသည်။ ‌
ဒေသခံ များက ပေးပို့သော ပိုးကောင် ဓာတ်ပုံကို စိုက်ပျိုးရေးဦးစီးဌာန ထံ 7Day နေ့စဉ်သတင်းစာက ထပ်ဆင့်ပေးပို့မေးမြန်းရာ မျက် မြင်အနေအထားအရ ကန္တာရကျိုင်းကောင် မဖြစ်နိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာ ကွယ်ရေးဌာနခွဲ ပိုးမွှားဗေဒဌာနစု လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်မာလာမြင့်က ‌ပြောသည်။
မင်းတပ်မြို့တွင် ကျရောက် နေ‌သော ပိုးကောင်များမှာ တိုင်း ဒေသကြီးနှင့် ပြည်နယ်ချို့တွင် လတ်တ‌လော ကျ‌ရောက်နေသော ကော်ဖီနှံ‌ကောင် (သို့မဟုတ်)အဝါရောင်အစက်အပြောက် နှံ ကောင်ဟုခေါ်သော ပိုးတစ်မျိုး ဖြစ်နိုင်သည်ဟု စိုက်ပျိုးရေးဦးစီး ဌာနက ကနဦးသုံးသပ်ထားသည်။
ကော်ဖီနှံ‌ကောင်သည် စစ် ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့၊ ရခိုင်ပြည်နယ် သံတွဲမြို့၊ ကချင် ပြည်နယ် ဗန်းမော်မြို့၊ ကရင်ပြည် နယ် ကြာအင်းဆိပ်ကြီးမြို့၊ ဧရာ ဝတီတိုင်းဒေသကြီး ရေကြည်မြို့ နှင့် မကွေးတိုင်းဒေသကြီး မကွေး မြို့မှ စိုက်ခင်းအချို့တွင် ကျ ရောက်နေ၍ တောင်သူများအား ပညာပေးရေး ဆောင်ရွက်နေ သည်ဟု စိုက်ပျိုးရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
ကော်ဖီနှံကောင်သည် မြန် မာနိုင်ငံတွင် ယခင်ကတည်းကရှိ သည့် မျိုးစိတ်ဖြစ်ပြီး ကျွန်းနှင့် အုန်းပင်များတွင် အဓိကကျ ရောက်‌ကြောင်း၊ ရာသီဥတု‌ ပြောင်းလဲမှု‌ကြောင့် ထွက်ပေါ် လာဖွယ်ရှိပြီး လက်ရှိအ‌ခြေအ နေအထိ ရာသီကုန်သီးနှံများကို စားသောက်ခြင်း မရှိသေးသော် လည်း ပမာဏများလာမည်ကို ကြိုတင်သတိပြုကာကွယ်ရန် လို ကြောင်း တိုက်တွန်းထားသည်။
စိုးရိမ်မှုလွန်ပြီး ပိုးသတ် ဆေး အလွန်အကျွံမသုံးစွဲရန် လည်း သတိပေးထားသည်။ ကော်ဖီနှံ‌ကောင်ကို တမာ၊ ကြက်သွန်ဖြူ၊ ဆေးရွက်ကြီးတို့ဖြင့် ပြုလုပ်ထားသော သဘာဝပိုးသတ်ဆေးဖြင့် နှိမ်နင်းနိုင်သည်ဟု စိုက်ပျိုးရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
တောင်သူလယ်သမားများ အနေဖြင့် မိမိတို့စိုက်ခင်းအတွင်း ကော်ဖီနှံ‌ကောင် ကျရောက်ခြင်း ရှိ၊ မရှိ သတိပြုစောင့်ကြည့်ရန်နှင့် တွေ့ရှိပါက စိုက်ပျိုးရေးဦးစီးဌာန က တာဝန်ရှိသူများထံ သတင်း ပေးပို့ရန် ဒေါက်တာခင်ခင်မာ လာမြင့်က တိုက်တွန်းသည်။ လက်ရှိကာလတွင် မြန်မာနိုင်ငံ အတွက် အထူးသတိထားစောင့် ကြည့်ရမည့် သီးနှံဖျက်ပိုးအဖြစ် ကန္တာရကျိုင်းကောင်ဟုခေါ်သော ပိုးမျိုးစိတ်ကို သတိပေးထား သည်။
crd-7daynews #Myanmar_Online_News

0 comments:

Post a Comment