Sunday, July 26, 2020

ဆားလင်းကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဇူလိုင်လ ၂၅ ရက်နေ့ ၀၃၁၅ အချိန်တွင် ကြေးစင်တောင်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာသွားကားလမ်းတွင် လှည့်ကင်းဆောင်ရွက်စဉ် -----ဆီဆိုင်တွင်ဆီဖြည့်နေသည့် မော်တော်ယာဉ် ၃ စီးအားမသင်္ကာသဖြင့် စစ်ဆေးရန်သွားရောက်စဉ် မောင်းနှင် ထွက်ပြေးသွားသဖြင့် လိုက်လံတားဆီးရာ ဆားလင်းကြီးမြို့နယ်၊ ဝါးတန်းကျေးရွာအတွင်း ချင်းပြည်နယ်၊ တမူးမြို့၊ စော်ဘွား(၄)ရပ်ကွက်နေ ခိုင်ပူ ၂၇ နှစ် မောင်းနှင်ပြီး တမူးမြို့၊ တမူးစျေးတန်း(၉)ရပ်ကွက်နေ ထန်ငိုက်ဆွမ်ခုပ်(ခ) ဘဲဥ(ခ)ခုပ်ပီး ၂၄ နှစ် စီးနင်းလိုက်ပါလာသည့် PRADO အမျိုးအစား မော်တော်ယာဉ်ရပ်တန့်ထားသည်ကို တွေ့ရှိစစ်ဆေးရာ အဆိုပါမော်တော်ယာဉ်ပေါ်မှ ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၇.၇ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၇၇၀၀ )အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အနီးတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဦးပုတ်သွယ်ရပ်ကွက်နေ ငရုတ်သီး(ခ)ထွန်းမြတ်သူ ၂၉ နှစ် မောင်းနှင်ပြီး ငါးဇွန်မြို့နယ်၊ ယိုးဒယားရွာသစ်နေ အောင်ကိုလတ်(ခ)ခေါင်းပြား ၃၆ နှစ်၊ အောင်မြေသာစံမြို့နယ်၊ နှင်းဆီခြံရပ်ကွက်နေ ကျော်သက်လှိုင်(ခ)မှုံကြီး ၂၆ နှစ်၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်နေ ထန်တင်းလွယ်(ခ) အားလွယ် ၃၆ နှစ်တို့ စီးနင်းလိုက်ပါလာသည့် WISH အမျိုးအစား မော်တော်ယာဉ်အား တွေ့ရှိစစ်ဆေးရာ ၎င်းတို့ အကျိုးတူပူးပေါင်းသယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍ ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးခဲ့ပါသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ၎င်းတို့နှင့်အတူ အကျိုးတူပူးပေါင်းပါဝင်သူများဖြစ်သည့် တမူးမြို့၊ စျေးတန်း(၉) ရပ်ကွက်နေ မန်ဆွန်းလျန်(ခ)ဇောမ်းလျန် ၂၂ နှစ်၊ ကလေးမြို့၊ တာဟန်းရပ်ကွက်နေ ကမ်ခတ်ပေါင်(ခ) နောင်ပီး ၃၂ နှစ်၊ တမူးမြို့၊ စျေးတန်း(၇)ရပ်ကွက်နေ ထန်လျန်တွောင် ၂၇ နှစ်၊ တမူးမြို့၊ စျေးတန်း(၁၀)ရပ်ကွက်နေ ကပ်ပီး(ခ)ကပ်တောင် ၂၃ နှစ်တို့အား ၁၃၄၅ အချိန်တွင် ချောင်းဂွပူးပေါင်းစစ်ဆေးရေးစခန်းတွင် LAND CRUISER အမျိုးအစားမော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူများနှင့်စပ်လျဉ်း၍ ဆားလင်းကြီးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Crd : CCDAC Myanmar #Myanmar_Online_News

0 comments:

Post a Comment