Friday, July 24, 2020

ဟုမ္မလင်းတွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တစ်ပေနီးပါး မြင့်တက်နေ

ဇူလိုင်လ ၂၄ ရက်နေ့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးဦးစီးဌာန၏ သတင်းထုတ်ပြန်မှုအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် စိုးရိမ်ရေအမှတ်ထက် တစ်ပေနီးပါ မြင့်တက်နေကြောင်း သိရသည်။
"ဒီနေ့တော့တက်ဦးမယ် အများကြီးတော့ မတက်လောက်တော့ဘူး ကျွန်တော်တို့ ဌာနကနေ ခန့်မှန်းတာတော့ နောက်ထပ် တစ်ပေခွဲလောက်တော့တက်ဦးမယ် မနက်ဖြန် ညနေပိုင်းလောက်တော့ ပြန်ကျသွားနိုင်တယ်။" ဟု တိုင်းတာရေး(၃)မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
ချင်းတွင်းမြစ်ရေကြီးမှုကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ချို့ ရေလွမ်းမိုးမှုများရှိပြီး မည်သည့် အဖွဲ့အစည်းမှ ကူညီမှုများမရှိသေးကြောင်း မုက္ကလိကျေးရွာမှ ကိုသန်းတိုးအောင်ကပြောသည်။
"နောက်ထပ် တစ်ပေခွဲ ထပ်တက်ရင်တော့ အိမ်ကြီးပေါ် အိမ်ငယ်ဆောက်ပြီးတော့ နေရတော့မယ်။ အခု လက်ရှိအခြေအနေက တစ်ချို့အိမ်တွေဆို မြုပ်နေပြီ။ အခက်ခဲက ဘာမှတော့ မရှိသေးပါဘူး။" ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင်လည်း စိုးရိမ်ရေအမှတ်ထက် တစ်ပေခွဲမြင့်တက်လျှက်ရှိနေကြောင်း သိရသည်။
Ref ; The Voice of Shan-Ni

0 comments:

Post a Comment