Friday, July 10, 2020

ပျောက်ဆုံးနေသော ဆိုးလ်မြို့တော်ဝန်ဟောင်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်ထားကြောင်းတွေ့ရှိရ

လူအခွင့်အရေး ရှေ့နေဟောင်းတစ်ဦးဖြစ်ကာ သမ္မတ ကိုယ်စားလှယ်လောင်းဖြစ်လာနိုင်သူအဖြစ် ရှုမြင်ခံထားရတဲ့ ဆိုးလ်မြို့တော်ဝန်ဟောင်းကို ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ပုံစံမျိုးနဲ့ သေဆုံးလျက်ပြန်တွေ့ခဲ့ကြောင်း သိရပါတယ်။
လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာအပြီး နောက်တစ်ရက်မှာ မြို့တော်ဝန် အခုလို သေဆုံးခဲ့တာဖြစ်ပါတယ်။
မြို့တော်ဝန် ပတ်ခ်ဝမ်ဆွန်းရဲ့ ရုပ်အလောင်းကို မြို့တော်ရဲ့ တောင်ကုန်းတစ်ခုပေါ်မှာ သောကြာနေ့(ဇူလိုင် ၁၀) မနက်အစောပိုင်းက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပတ်ခ်သာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ရိုးမှန်ရင် ဒါဟာ သမ္မတဟောင်း ရိုမူဟွန်း နောက်ပိုင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ရာထူးအမြင့်ဆုံး တောင်ကိုရီးယား နိုင်ငံရေးသမားဖြစ်လာပါလိမ့်မယ်။ ရိုမူဟွန်းဟာ သူ့မိသားစုဝင်တွေ ပါဝင်ပတ်သက်ခဲ့တဲ့ ခြစားမှုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ၂၀၀၉ ခုနှစ်မှာ ချောက်ကမ်းပါးတစ်ခုပေါ်ကနေ ခုန်ချ သတ်သေသွားခဲ့သူဖြစ်ပါတယ်။
ပတ်ခ်ရဲ့ အလောင်းမှာ သံသယဖြစ်စရာ လက္ခဏာမျိုးမတွေ့ရဘူးလို့ရဲက ပြောဆိုကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့ကာ ပတ်ခ်ဟာ သူ့ဘဝသူ အဆုံးစီရင်သွားတာဖြစ်တယ်လို့ ယူဆကြောင်း ဆိုခဲ့ပါတယ်။ မြို့တော်ဝန် ပျောက်ဆုံးနေတယ်ဆိုတာကို ကြာသပတေးနေ့မှာ သမီးဖြစ်သူက အကြောင်းကြားလာခဲ့တာဖြစ်ကာ နောက်ဆုံးအမှာစကားတွေမျိုး ပြောဆိုပြီးနောက် ဖခင်ဖြစ်သူနဲ့ ဆက်သွယ်လို့ မရေတော့ဘူးလို့ သူမက ပြောဆိုခဲ့ပါတယ်။
ဆိုးလ်မြို့တော်ဝန်အဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး တာဝန်ယူနေခဲ့တဲ့ ပတ်ခ်ဟာ ကျားမနဲ့ လူမှု တန်းတူညီမျှရေးကို အားပေးမြှင့်တင်သူဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတ မွန်ဂျေးအင်းနေရာ အစားထိုးဝင်ရောက်လိုတယ်ဆိုတဲ့ သူ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုထားသူလည်း ဖြစ်ပါတယ်။
သို့ပေမယ့် သူ့ရဲ့ အတွင်းရေးမှူးဟောင်း အမျိုးသမီးက ပတ်ခ်ဟာ သူမအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေ လုပ်ခဲ့ကြောင်း ရဲကို တိုက်ချက်ဖွင့်ခဲ့အပြီး နောက်တစ်နေ့မှာပဲ ပတ်ခ်အခုလို သေဆုံးခဲ့တာဖြစ်ပါတယ်။
Source - Akonthi
>>zawgyi<<
ပျောက်ဆုံးနေသော ဆိုးလ်မြို့တော်ဝန်ဟောင်း ကိုယ့်ကိုယ်ကိုအဆုံးစီရင်ထားကြောင်းတွေ့ရှိရ
Friday, July 10, 2020
လူအခွင့်အရေး ရှေ့နေဟောင်းတစ်ဦးဖြစ်ကာ သမ္မတ ကိုယ်စားလှယ်လောင်းဖြစ်လာနိုင်သူအဖြစ် ရှုမြင်ခံထားရတဲ့ ဆိုးလ်မြို့တော်ဝန်ဟောင်းကို ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ပုံစံမျိုးနဲ့ သေဆုံးလျက်ပြန်တွေ့ခဲ့ကြောင်း သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှုတွေရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာအပြီး နောက်တစ်ရက်မှာ မြို့တော်ဝန် အခုလို သေဆုံးခဲ့တာဖြစ်ပါတယ်။
မြို့တော်ဝန် ပတ်ခ်ဝမ်ဆွန်းရဲ့ ရုပ်အလောင်းကို မြို့တော်ရဲ့ တောင်ကုန်းတစ်ခုပေါ်မှာ သောကြာနေ့(ဇူလိုင် ၁၀) မနက်အစောပိုင်းက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ပတ်ခ်သာ ကိုယ့်ကိုယ်ကို သတ်သေခဲ့ရိုးမှန်ရင် ဒါဟာ သမ္မတဟောင်း ရိုမူဟွန်း နောက်ပိုင်း ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တဲ့ ရာထူးအမြင့်ဆုံး တောင်ကိုရီးယား နိုင်ငံရေးသမားဖြစ်လာပါလိမ့်မယ်။ ရိုမူဟွန်းဟာ သူ့ မိသားစုဝင်တွေ ပါဝင်ပတ်သက်ခဲ့တဲ့ ခြစားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ၂၀၀၉ ခုနှစ်မှာ ချောက်ကမ်းပါးတစ်ခုပေါ်ကနေ ခုန်ချ သတ်သေသွားခဲ့သူဖြစ်ပါတယ်။
ပတ်ခ်ရဲ့ အလောင်းမှာ သံသယဖြစ်စရာ လက္ခဏာမျိုးမတွေ့ရဘူးလို့ရဲက ပြောဆိုကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ဖော်ပြခဲ့ကာ ပတ်ခ်ဟာ သူ့ဘဝသူ အဆုံးစီရင်သွားတာဖြစ်တယ်လို့ ယူဆကြောင်း ဆိုခဲ့ပါတယ်။ မြို့တော်ဝန် ပျောက်ဆုံးနေတယ်ဆိုတာကို ကြာသပတေးနေ့မှာ သမီးဖြစ်သူက အကြောင်းကြားလာခဲ့တာဖြစ်ကာ နောက်ဆုံးအမှာစကားတွေမျိုး ပြောဆိုပြီးနောက် ဖခင်ဖြစ်သူနဲ့ ဆက်သွယ်လို့ မရေတော့ဘူးလို့ သူမက ပြောဆိုခဲ့ပါတယ်။
ဆိုးလ်မြို့တော်ဝန်အဖြစ် ဆယ်စုနှစ်တစ်ခုနီးပါး တာဝန်ယူနေခဲ့တဲ့ ပတ်ခ်ဟာ ကျားမနဲ့ လူမှု တန်းတူညီမျှရေးကို အားပေးမြှင့်တင်သူဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတ မွန်ဂျေးအင်းနေရာ အစားထိုးဝင်ရောက်လိုတယ်ဆိုတဲ့ သူ့ရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုထားသူလည်း ဖြစ်ပါတယ်။
သို့ပေမယ့် သူ့ရဲ့ အတွင်းရေးမှူးဟောင်း အမျိုးသမီးက ပတ်ခ်ဟာ သူမအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုတွေ လုပ်ခဲ့ကြောင်း ရဲကို တိုက်ချက်ဖွင့်ခဲ့အပြီး နောက်တစ်နေ့မှာပဲ ပတ်ခ်အခုလို သေဆုံးခဲ့တာဖြစ်ပါတယ်။
Source - Akonthi

0 comments:

Post a Comment